ဧပြီ - ၃၀ ( ဗုဒ္ဓဟူးနေ့ )
ဆွီဒင်နိုင်ငံ အပ္ပဆာလာမြို့ မှာ ဝယ်ပါဂီ နွေဦးပွဲတော်လုပ်နေရာ သေနတ်သမားတစ်ယောက်က စကူတာစီးပြီး လူအုပ်ကြီးကို သေနတ်နဲ့ ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ပါတယ်။ လူ ၃ ဦး သေဆုံးပြီး အမြောက်အများ ဒဏ်ရာရရှိခဲ့ပါတယ်။
ဧပြီလ ၂၉ ရက်နေ့ အင်္ဂါနေ့ က မြို့တော်စတော့ဟုမ်းမှ ကီလိုမီတာ ၆၀ အကွာတွင်ရှိသော အပ္ပဆာလာမြို့ ဗက်ဆာလာ ပန်းခြံအနီး၌ ဝယ်ပါဂီနွေဦးပွဲတော် အကြို ညနေခင်းပွဲကို ကျင်းပနေခဲ့တာပါ။ လူအုပ်ကြီးဆီကို သေနတ်သမားတစ်ယောက်က သေနတ်နဲ့ အတွဲလိုက်ပစ်ခတ်ပြီးနောက် စကူတာမောင်းပြီး ထွက်ပြေးသွားခဲ့တယ်လို့ မျက်မြင်သက်သေအချို့က ဆိုပါတယ်။
ရဲတွေနဲ့ အရေးပေါ်ကားတွေ ဆိုက်ရောက်လာပြီးနောက်မှာ ခင်းဖြစ်ပွားရာ နေရာတစ်ခုလုံးကို ရှင်းလင်းလိုက်ပါတယ်။ ရဲတွေက လူသတ်မှုအဖြစ်အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ဆက်လုပ်နေပါတယ်။ ဆွီဒင်မှာ အဲ့လို လူအုပ်ကြီးကိုသေနတ်နဲ့ ပစ်ခတ်မှုတွေကို ဖေဖော်ဝါရီလတုန်းကလည်း ဖြစ်ခဲ့ပါတယ်။ အော်ရီဘရိုမြို့ က ပညာရေး စင်တာတစ်ခုကို သေနတ်နဲ့ ဝင်ပစ်လို့ ကျောင်းသူကျောင်းသားနဲ့ ဆရာ အပါဝင် ၁၀ ဦး သေဆုံးခဲ့ရပါတယ်။
Ref: Hindustan times
https://t.me/MyanmarNationalPost


No comments:
Post a Comment