တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပတာချီလိတ်မြို့ ကျက်သရေဆောင်ရွှေတိဂုံစေတီတော် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပတာချီလိတ်မြို့ ကျက်သရေဆောင်ရွှေတိဂုံစေတီတော် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်




တာချီလိတ်  ဧပြီ  ၂၈


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ရွှေတိဂုံပုံတူစေတီတော် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရွှေတိဂုံရင်ပြင်တော်တွင် ကျင်းပပြုလုပ်သည်။


အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တက်ရောက်လာသည့် အလှူရှင်များက ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်မြို့၊ လွယ်တိန်ခမ်း တောင်တန်းသာသနာပြု ဆရာတော်အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တသုခမိန္ဒမဟာထေရ်မြတ်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်ဒေသနာတော်မြတ်တို့ကို နာယူကြည်ညိုကြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဘုရားဒါယကာ ဒါယိကာမများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများတို့ကို ဆရာတော် သံဃာတော်များအား ဆက်ကပ်လှူဒါန်းကာ အလှူရှင်များက ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို မင်္ဂလာဝေါယာဉ်တော်ဖြင့် ပင့်ဆောင်ပြီး စေတီတော်မြတ်အား လက်ယာရစ်လှည့်လည်ပူဇော်ကာ ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်များကို စေတီတော်ကြီးတွင် တင်လှူပူဇော်ခဲ့ကြသည်။


ယင်းနောက် ဆရာတော် သံဃာတော်များက စေတီတော်အား ဗုဒ္ဓါဘိသေက အနေကဇာတင်ပြီး အလှူရှင်များက ရတနာ ရွှေမိုး ငွေမိုးများ ရွာသွန်းခဲ့ကြောင်း သိရသည်။


ကျော်ဇေယျာလင်:

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)