လသာမြို့နယ်၌ လမ်း​ဘေးအစားအစာ​ရောင်းချသည့် ​စျေးသည်များအား ကျန်းမာရေးနှင့် ညီညွှတ်စွာ ရောင်းချ​ရေးကွင်းဆင်းစစ်​ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လသာမြို့နယ်၌ လမ်း​ဘေးအစားအစာ​ရောင်းချသည့် ​စျေးသည်များအား ကျန်းမာရေးနှင့် ညီညွှတ်စွာ ရောင်းချ​ရေးကွင်းဆင်းစစ်​ဆေး




လသာ  ဧပြီ ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်အတွင်းရှိ လမ်းဘေးအစားအသောက်ရောင်းချသူများအား ကျန်းမာရေးနှင့် ညီညွှတ်စွာရောင်းချမှုရှိစေရေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်က​လေး​စောင့်​ရှောက်ရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လမ်းဘေးအစားအသောက်ရောင်းချသည့် စျေးဆိုင်များအား ကျန်းမာရေးနှင့် ညီညွတ်စွာ ရောင်းချခြင်းရှိ​စေ​ရေး လိုက်လံစစ်ဆေးပြီး အစားအသောက်များ သန့်ရှင်းသပ်ယပ်စွာရောင်းချရန်၊ ယင်နားမှုမရှိစေရေး အဖုံးအကာများထားရန်၊ ကျန်းမာရေးနှင့်ညီညွှတ်စွာ ရောင်းချကြရန်နှင့် မသန့်ရှင်းသောအစားအသောက်များမှ ဖြစ်တတ်သည့် ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးဆွေးနွေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့​ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


နန်းသဲနုအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)