လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ညောင်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းနှင့် စမတ်ကတ်များအား နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ညောင်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းနှင့် စမတ်ကတ်များအား နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်




လှိုင်သာယာ(အရှေ့ပိုင်း)  ဧပြီ  ၂‌၈


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်းကို ယမန်နေ့နံနက်(၈)နာရီ၌ ညောင်ကျေးရွာတွင် ပြည်သူများအား ထုတ်ပေးခြင်းနှင့် စမတ်ကတ်များအား ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။


ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လူတိုင်းကိုင်ဆောင်နိုင်ရန်၊ ပြည်သူများအားလုံး ခရီးသွားလာရာတွင် အဆင်ပြေချောမွေ့‌စေရန်နှင့် အိမ်ထောင်စုစာရင်းများတွင် မိသားစုဝင်များ၏ လူဦးရေနှင့်အမည်စာရင်းများ မှန်ကန်စွာထည့်သွင်းဖော်ပြနိုင်ရန်ဖြစ်ပြီး အသက်(၁၀)နှစ်နှင့်(၁၆)နှစ်အကြား နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၂)ကတ်၊ အသက်(၁၆)နှစ်နှင့် (၁၈)နှစ်အကြား (၃၈)ကတ်နှင့် အသက်(၁၈)နှစ်နှင့်အထက် (၆၀)ကတ်တို့ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်နှင့်၀န်ထမ်းများက နိုင်ငံသားစစ်ဆေး‌ရေးကတ် စုစုပေါင်း (၁၃၀)ကတ်ထုတ်‌ပေးခြင်းနှင့် စမတ်ကတ်များလည်း နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးမျိုးမြင့်‌အောင်၊ ညောင်‌ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးလှိုင်ဝင်းနှင့်အဖွဲ့၀င်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်နှင့်အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ခင်၀င်းမူ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)