မိုးနဲမြို့နယ် လွိုင်လင်းကျောင်းတိုက်ရှိ သိမ်၊ စေတီတော်များတွင် တင်လှူမည့် စိန်ဖူးတော်နှင့် ထီးတော်များမြို့တွင်းသို့ လှည့်လည်အပူဇော်ခံ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးနဲမြို့နယ် လွိုင်လင်းကျောင်းတိုက်ရှိ သိမ်၊ စေတီတော်များတွင် တင်လှူမည့် စိန်ဖူးတော်နှင့် ထီးတော်များမြို့တွင်းသို့ လှည့်လည်အပူဇော်ခံ





မိုးနဲ၊ ဧပြီ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပုံလို့တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာစာရ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဌာနာစရိယ ပြည်တွင်းပြည်ပ သာသနာပြု ဆရာတော်ဘုရားကြီးအားအမှူးထား၍ လွိုင်လင်းကျောင်းတိုက်ရှိ သိမ်တော်၊ စေတီတော်များတွင်တင်လှူမည့် စိန်ဖူးတော်၊ ထီးတော်များကို ယမန်နေ့နံနက် ၇ နာရီအချိန်က မြို့တွင်းသို့ လှည့်လည် အ‌ပူဇော်ခံခဲ့ကြောင်းသိရသည်။

ထိုသို့လှည့်လည်အပူဇော်ခံရာတွင် မိုးနဲမြို့နာဟောင်ရပ်ကွက်ရှိ ဆုတောင်းပြည့်ကျောင်းတိုက် နေရာစုရပ်မှ မိုးနဲ-လင်းခေးလမ်းကတိုင်း ထိုမှတစ်ဆင့် မိုးနဲ-မောက်မယ်လမ်းတစ်လျှောက် စိန်ဖူးတော်၊ ထီးတော်များ၊ လှူဖွယ်ပစ္စည်းများပင့်ဆောင်ကာ အိုးစည်၊ ဗုံမောင်းများဖြင့်စည်ကားသိုက်မြိုက်စွာ စည်တန်းလှည့်လည်အပူ‌ဇော်ခံခဲ့ကြပြီး ဆုတောင်းပြည့်ကျောင်းတိုက်သို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စိန်ဖူးတော်၊ ထီတော်များကို ဧပြီ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် လွိုင်လင်း ကျောင်းတိုက်ရှိ စေတီတော်များတွင် အလှူရှင် ဘုရား‌၊ ကျောင်း၊ သိမ်ရဟန်းဒါယကာကြီးများ ဦးစီးဦး‌ဆောင်၍တင်လှူပူဇော်သွားမည်ဖြစ်ကြောင်းသိရသည်။


မျိုးညွန့်ရွှေ(မိုးနဲ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)