ဧပြီ - ၂၆ ( စနေနေ့ )
ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံမှ ပီလောပီနံနှင့် ပြောင်းနီအမြောက်အမြား ဝယ်ယူရန် ကတိကဝတ် ပြုထားပါတယ်။ အထူးသဖြင့် ပီလောပီနံတန်ချိန် ၃သိန်း နဲ့ အနီရောင်ပြောင်းဖူး မက်ထရစ်တန် ၁ သိန်းတို့ကို နှစ်စဉ် ၀ယ်ယူ မယ်လို့ ဆိုပါတယ်။ ဤသဘောတူညီချက်က နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရန် ပိုမိုကျယ်ပြန့်သော ပဏာမခြေလှမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး စျေးကွက်ရရှိရေးနှင့် စိုက်ပျိုးရေး ထုတ်ကုန်များအတွက် ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ ဆွေးနွေးမှုများပါဝင်ပါတယ်။ ထိုင်းမှာက စိုက်ပျိုးထုတ်လုပ်မှုပိုင်းဆိုင်ရာ လုပ်ငန်းတွေကျဆင်းနေပြီး အဓိကစိုက်ပျိုးသီးနှံများကို နိုင်ငံခြားက တင်သွင်းနေရတယ်လို့ သိရပါတယ်။
နားလည်မှုစာချွန်လွှာ - Koson Group (Thailand) နှင့် ကမ္ဘောဒီးယားနိုင်ငံ ပီလောပီနံအဖွဲ့ချုပ် (CFC) တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ကုန်သွယ်မှု တိုးချဲ့ခြင်း - အဆိုပါ ကတိကဝတ်သည် ထိုင်းနှင့် ကမ္ဘောဒီးယားကြား နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု တိုးချဲ့ရေး ရည်မှန်းချက်နှင့် ကိုက်ညီပါတယ်။
အထူးကုန်သွယ်မှုဇုန် - ပီလောပီနံနှင့် ပြောင်းဖလှယ်မှု အဆင်ပြေစေရန် အထူးကုန်သွယ်ရေးဇုန် တည်ထောင်ရန် အစီအစဉ်ရှိပါတယ်။
ကုန်သွယ်မှုတိုးတက်မှု - နှစ်နိုင်ငံအကြား ကုန်သွယ်မှု ၄၀.၅% တိုးလာမှုနှင့်အတူ မနှစ်က တိုးတက်မှုကို သက်သေပြခဲ့ပြီး နှစ်နိုင်ငံစလုံးသည် နှစ်စဉ် ကုန်သွယ်မှု သိသိသာသာ တိုးမြင့်လာရန် ရည်မှန်းထားပါတယ်။
REF: Fresh News
https://t.me/MyanmarNationalPost


No comments:
Post a Comment