အင်းလေးဒေသအတွင်း မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းလေးဒေသအတွင်း မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်






ညောင်ရွှေ၊ ဧပြီ ၂၆

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းလေးဒေသကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို ယမန်နေ့နံနက်ပိုင်းတွင် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးသွားသည့် အင်းလေးကန်ကျေးရွာများအတွင်းရှိ လူနေအိမ်များနှင့် အဆောက်အုံများကို စနစ်တကျ ဖျက်သိမ်းခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ယိုင်လဲသွားသည့် နေအိမ်များတည့်မတ်ခြင်း၊ ယာယီမိုးကာတဲများ ဆောက်လုပ်ခြင်းလုပ်ငန်းများနှင့် ဝါးအိမ်ငယ်များ အသစ်ဆောက်လုပ်ပေးခြင်းတို့ကို ပတ်ဝန်း ကျင်ကျေးရွာများမှ ကျွမ်းကျင်လက်သ မားများနှင့် လုပ်အားဒါနရှင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပရဟိတအဖွဲ့များ ပူးပေါင်း၍ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းပြီး ရှမ်းပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူများက ယာယီဆေးရုံ၌ ဒေသခံပြည်သူများနှင့် ဝေဒနာရှင်များအား တိုင်းရင်းဆေးပညာဖြင့် ပြုစုကု သစောင့်ရှောက်မှုပေးခြင်း၊ ဆေးဝါးများ အခမဲ့ ဖြန့်ဝေပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ညောင်ရွှေမြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပြိုလဲခဲ့သည့် အိမ်ခြေပေါင်း (၂၈၉၂)အိမ် ရှိသည့်အနက် အပျက်အစီးများ ရှင်းလင်းဖယ်ရှားမှု (၆၄၀)အိမ်၊ ယိုင်နဲ့တိမ်းစောင်းခြင်းအား ပြန် လည်တည့်မတ်မှု (၃၀၁)အိမ်၊ အသစ်ပြန်လည်ဆောက် လုပ်ပြီးစီးမှု(၂၆)အိမ်ရှိကြောင်း ကျန်ရှိနေ သေးသည့် အိမ်များကိုလည်း အမြန်ဆုံး ပြန်လည်တည့်မတ်ပြုပြင် အသစ်ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း  သိရသည်။


စိုင်းအယ်ဘဲ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)