ဧပြီ - ၂၄ ( ကြာသပတေးနေ့ )
ရုရှားရဲ့ အနောက်တံခါး လုံခြုံရေးနဲ့ ပတ်သက်ပြီး ဖင်လန်နိုင်ငံ နဲ့ ဆွီဒင်နိုင်ငံတို့က မြောက်အတ္တလန်တစ် စာချုပ်အဖွဲ့ ( နေတိုး) ထဲကို ဝင်ရောက်တဲ့ကိစ္စအပေါ် ရုရှားဖက်က ပြောပြောဆိုဆို သိပ်မရှိလှပေမဲ့ နေတိုးအဖွဲ့က ဖင်လန်နိုင်ငံမှာ စစ်လက်ပစ္စည်းများ လာရောက်တပ်ဆင်ခြင်းကိုတော့ ရုရှားက ပြင်းပြင်းထန်ထန် သတိပေး လိုက်ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ယူကရိန်း- ရုရှား စစ်က ရုရှားရဲ့ အနောက်တံခါးလုံခြုံရေးကြောင့်ဖြစ်တယ်လို့ ပူတင်က ဆိုထားတာရှိပါတယ်။ ရုရှားရဲ့ အနောက်မြောက်ဘက် ဖင်လန်နိုင်ငံက လုံခြုံရေးဆိုင်ရာ တံခါးပေါက်တစ်ခု ဖြစ်ပေမဲ့ မြို့တော်မော်စကိုနဲ့ က အနောက်တောင်ဘက် ယူကရိန်းနဲ့စာရင်တော့ အတော်လှမ်းပါတယ်။
ဖင်လန်သည် ၎င်း၏ ကာလရှည်ကြာ ကြားနေရေးမူဝါဒကို စွန့်လွှတ်ခဲ့ပြီး ယူကရိန်းပဋိပက္ခ နဲ့ပတ်သက်ပြီး လုံခြုံရေးစိုးရိမ်မှုများကို ကိုးကားကာ ၂၀၂၃ ခုနှစ် ဧပြီလတွင် နေတိုးအဖွဲ့ထဲကိုဝင်ခဲ့ပါတယ်။ ဆွီဒင်သည် အဲ့ဒိအကြောင်းပြချက်နဲ့ပဲ ၂၀၂၄ မှာ နေတိုးအဖွဲ့ဝင်အဖြစ်လျှောက်ထားခဲ့ပါတယ်။ တုံ့ပြန်သည့်အနေဖြင့် မော်စကိုသည် ရုရှားနိုင်ငံ အနောက်မြောက်ပိုင်းရှိ ၎င်း၏ခံစစ်အနေအထားကို ပြုပြင်ပြောင်းလဲ ခဲ့ပါတယ်။ ယူကရိန်းလိုတော့ ၎င်းတို့၏ မဟာမိတ်ဖွဲ့မှုသည် ရုရှားအတွက် ဖြစ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှု မဖြစ်သေးပါဘူး လို့ ပြောပါတယ်။
ဒါပေမဲ့ မကြာသေးမီနှစ်များအတွင်း NATO စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများသည် “ဖင်လန်နယ်မြေတွင် တဖြည်းဖြည်း ပေါ်လာသည်”လို့ ကရင်မလင်အစိုးရ ပြောခွင့်ရှိသူ ပတ်စ်ကော့ဗ် ကပြောပါတယ်။ ပြင်သစ်မဂ္ဂဇင်း လေပွိုင့်နဲ့ အင်တာဗျူးမှာ သူက “ရုရှားက ဘယ်လို တုံ့ပြန်ရမလဲ၊ ကျနော်တို့ရဲ့ စစ်ရေးအရ လိုအပ်တယ်လို့ ယူဆရတဲ့ အစီအမံတွေကို ကျနော်တို့ လုပ်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ပြီးခဲ့သည့်လက နိုင်ငံတကာအာတိတ်ဖိုရမ်တွင် အဆိုပါပြဿနာနဲ့ ပတ်သက်ပြီး မော်စကိုက “အနီးကပ်စောင့်ကြည့်” နေကြောင်း ပြောကြားခဲ့ပါတယ်။ ဖင်လန်နဲ့ ဆွီဒင်ကို နေတိုးက သူတို့ရဲ့ တပ်သားသစ်တွေအဖြစ် ဖန်တီးနိုင်ခဲ့ပါတယ်။ "ဒီအခြေအနေတွေမှာ ဖြစ်လာနိုင်တဲ့ ပဋိပက္ခတွေအတွက် NATO က မြောက်ပိုင်းကို တံတားထိုးလိုက်တာပါ။ အဲ့ဒိနိုင်ငံတွေကို တံတားဦးခေါင်း အဖြစ် သတ်မှတ်ပေးလိုက်မှာကို ကျနော် စိုးရိမ်မိပါတယ်" လို့ ပူတင်က ပြောကြားခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment