ပွင့်ဖြူမြို့နယ်တွင် ကန်ထရိုက်လယ်ယာစနစ်ဖြင့် ရေသွင်းနှမ်းစိုက်ပျိုးတောင်သူများကို မြေဩဇာအိတ်နှင့်သဘာဝရွက်ဖျန်းအားဆေးများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်တွင် ကန်ထရိုက်လယ်ယာစနစ်ဖြင့် ရေသွင်းနှမ်းစိုက်ပျိုးတောင်သူများကို မြေဩဇာအိတ်နှင့်သဘာဝရွက်ဖျန်းအားဆေးများ ထောက်ပံ့ပေးအပ်



ပွင့်ဖြူ  ဧပြီ ၂၅        

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ အရည်အသွေးမြှင့်ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)မှ ဦးဆောင်၍ နန်းထက်မြန်မာကုမ္ပဏီနှင့် ဒေသခံတောင်သူများပူးပေါင်းပြီး ကန်ထရိုက်လယ်ယာစနစ်ဖြင့် ရေသွင်းနှမ်း ဧက ၃၀၀  စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ရာ ယမန်နေ့က ကန်ထရိုက်လယ်ယာစနစ်ဖြင့် အကျိုးတူပူးပေါင်းစိုက်ပျိုးမည့် ဒေသခံတောင်သူများကို ဇီဝမြေဩအိတ်များနှင့်သဘာဝရွက်ဖျန်းအားဆေးများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း  သိရသည်။

"ဒီနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း အရည်အသွေးမြှင့်ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ဖိုနဲ့ တောင်သူတွေသီးနှံဝင်ငွေတိုးပွားစေဖို့ရည်ရွယ်ပြီးတော့ ကန်ထရိုက်လယ်ယာစနစ်နဲ့ ရေသွင်းနှမ်း ဧက ၃၀၀ စိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီကန်ထရိုက်လယ်ယာစနစ် အကျိုးတူပူးပေါင်းဆောင်ရွက်မယ့် ရေသွင်းနှမ်းစိုက်ပျိုးခြင်းအစီအစဉ်ကို မြို့နယ်တောင်သူအကျိုးဆောင်အသင်းက ဦးဆောင်ပြီး နန်းထက်မြန်မာကုမ္ပဏီနဲ့ တောင်သူတွေ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကန်ထရိုက်လယ်ယာစနစ်နဲ့ ရေသွင်းနှမ်းစိုက်ပျိုးမယ့်တောင်သူ ဦးရေက ၁၂၀ ဦးရှိပါတယ်။ တောင်သူတွေအတွက် ရေသွင်းနှမ်း အဆင်ပြေစွာစိုက်ပျိုးနိုင်ဖို့ စိုက်ပျိုးစရတ်အနေနဲ့ တစ်ဧကကို ငွေကျပ် တစ်သိန်း၊ စိုက်ပျိုးရေးသွင်းအားစုအနေနဲ့ တစ်ဧကကို တို့ကျေးလက်ဇီဝမြေဩဇာအိတ် 50 Kg (၂)လုံး၊ ဘိုင်အိုကောင်းအမှတ်တံဆိပ် သဘာဝရွက်ဖျန်းအားဆေး(၃)မျိုးပါ နှစ်တွဲစီကိုထောက်ပံ့ပေးပါတယ်။ မနေ့က ကန်ထရိုက်လယ်ယာစနစ်နဲ့ ရေသွင်းနှမ်းစိုက်ပျိုးနေကြတဲ့ ကျေးရွာတွေက တောင်သူတွေကို စိုက်ပျိုးရေးသသွင်းအားစုတွေ ‌သွားရောက်ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါ့အပြင် ကန်ထရိုက်လယ်ယာစနစ်နဲ့ ရေသွင်းနှမ်း ဧက ၉၀၀ ကိုလည်း Green Growth Generation(GGG)ကုမ္ပဏီနဲ့ တောင်သူတွေ အကျိုးတူပူးပေါင်းပြီး စိုက်ပျိုးဆောင်ရွက်နေပါတယ်" ဟု ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)ဥက္ကဌ ဦးမြင့်အောင်က ပြောပြသည်။


ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)က မြို့နယ်အတွင်း သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်စေရေး၊ အရည်အသွေးမြင့် သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ထွက်ရှိလာသောသီးနှံများတွင် ထုတ်လုပ်သူရောစားသုံးသူပါ အစားအစာဘေးကင်းလုံခြုံရေး၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေရန် မြေဆီလွှာနှင့်သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးစသည့် တောင်သူအကျိုးပြုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် စိုက်ပျိုးရေးကုမ္ပဏီများနှင့် ချိတ်ဆက်၍ ဒေသတွင်းရှိ တောင်သူများကို သီးနှံဝင်ငွေအကျိုးအမြတ်ရရှိစေရန် ကန်ထရိုက်လယ်ယာစနစ်ဖြင့် သီးနှံများစိုက်ပျိုးခြင်း၊ စိုက်ပျိုးသီးနှံများပေါ်ချိန်တွင် တောင်သူများအတွက် သင့်တင့်မျှတသော သီးနှံဈေးနှုန်းများရရှိစေရေးအတွက် တောင်သူစုပေါင်းသီးနှံရောင်းချပွဲများ စီစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


 လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)