စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်




မုံရွာ ဧပြီ ၂၅


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်တွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာဆုချီးမြှင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားကိုချစ်မြတ်နိုးသူများ တက်ရောက်ကြကြောင်း သိရသည်။


ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ်အဖြစ် အမျိုးသား/အမျိုးသမီး မီတာ ၄၀၀ ၊ မီတာ ၁၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ၊ ၄၀၀၊ မီတာ ၈၀၀၊ မီတာ ၁၅၀၀ အပြေးပြိုင်ပွဲများနှင့် မီတာ ၁၀၀၊ မီတာ ၁၁၀ တန်းကျောင်း ပြိုင်ပွဲများနှင့် သံလုံးပစ်/သံပြားပစ်/လှံတံပစ်/အမြင့်ခုန်/ အလျားခုန်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးကြသည်။


ယင်းနောက်ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသား/ အမျိုးသမီး တံခွန်စိုက်ဆုရရှိသည့် ဟုမ္မလင်းမြို့နယ်အသင်းအား တံခွန်စိုက် ဆုဖလားပေးအပ် ချီးမြှင့်ကာ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၈ နှစ်အောက် လှံတံ ပစ်ပြိုင်ပွဲတွင် ၅၈.၃၅ ဖြင့်စံချိန်သစ်တင်ခဲ့သည့် မောင်ချစ်မင်းအောင်အား ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ချီးမြှင့်ပြီး အမျိုးသားပြေးခုန်ပစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် မြို့နယ်များအား ငွေသားဆုနှင့်ဒိုင်း ဆုများအားပေးအပ်ချီးမြှင့်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် မြို့နယ်များအား ငွေသားဆုနှင့်ဒိုင်းဆုများ ပေးအပ်ချီးမြှင့်ကြသည်။


ထို့နောက်တိုင်းဒေသကြီး တရားသူကြီးချုပ်က အမျိုးသား/အမျိုးသမီး မီတာ ၄၀၀ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အားကစား သမားများအား ဆုတံဆိပ်နှင့်ငွေသားဆုများအား ပေးအပ်ချီးမြှင့်သည်။


ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက အမျိုးသား/အမျိုးသမီး သံလုံးပစ်/ သံပြားပစ်/ လှံတံပစ်/ အလျားခုန်/ သုံးဆင့်ခုန်/ အမြင့်ခုန်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အားကစားသမားများအား ဆုတံဆိပ်နှင့်ငွေသား ဆုများအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက မီတာ ၁၀၀/ မီတာ ၂၀၀/ မီတာ ၄၀၀/ မီတာ ၈၀၀/ မီတာ ၁၅၀၀ အပြေးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အားကစားသမားများအား ဆုတံဆိပ်နှင့်ငွေသားဆုများအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)