ချမ်းအေးသာစံ၊ ဧပြီ ၁၉
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သော ချမ်းမြသာစည်မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများရှိစေတီ၊ပုထိုး၊ သာသနိကအဆောက်အအုံအပျက်အစီးများအား ဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုပြီး ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်အစရှိသည့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့သည်။
ထိုသို့ လိုက်လံကြည့်ရှုရာ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓမ္မဓရဝါဆိုကျောင်းတိုက်သို့ သွားရောက်ပြီး ဓမ္မဓရဝါဆိုကျောင်းတိုက်များ၏ အဓိပတိနာယကချုပ်ဆရာတော် ဒေါက်တာအရှင်ကုမာရ အား ဖူးမြော်၍ ကျောင်းတိုက်ရှိ သာသနိကအဆောက်အအုံများ ထိခိုက်ပြိုကျပျက်စီးခဲ့မှု၊ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်း၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဩဝါဒများခံယူကာ ကျောင်းတိုက်ရှိ ငလျင်ဒဏ်သင့်ခံခဲ့ရသည့် ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်းတော်စသည့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် ဇီဝိတဒါနသံဃာ့ဆေးရုံ(မန္တလေး)သို့သွားရောက်ပြီး ဆေးရုံအဆောင်များ၊ ဆေးရုံဝင်းအတွင်းကွန်ကရစ်လမ်းများ၊ ရေစင်များထိခိုက်ပျက်စီးခဲ့မှုများကို လိုက်လံကြည့်ရှုပြီး တာဝန်ရှိသူများ၏ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ အောင်မြေရွှေဘုံတိုက်သို့လည်းကောင်း၊ ဓမ္မာစရိယကျောင်းတိုက်သို့လည်းကောင်း၊ မဟာနန္ဒိသေနာရာမတိုက်သို့လည်းကောင်း၊ ပရိယတ္တိသာသနပါလဗိမာန်သို့လည်းကောင်း သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်များအားဖူးမြော်၍ ဩဝါဒများခံယူကာ ငလျင်ဒဏ်သင့်ခဲ့ရသည့် ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်အစရှိသည့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပြီးနောက် ထိခိုက်ပြိုကျပျက်စီးခဲ့မှု၊ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းနေမှုများကို လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့်ခဲ့သည့်နေရာများ၌ ထိခိုက်ပြိုကျပျက်စီးအဆောက်အဦများအား ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည်ရှုခဲ့ကြောင်းနှင့် တိုင်းဒေသကြီးအတွင်း ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းစဉ်များအတိုင်း ထိရောက်မြန်ဆန်စွာဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
ထွန်းထွန်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment