အင်းလေးဒေသအတွင်းငလျင်‌ ဘေးဒဏ်သင့် ပြည်သူများသို့ အလှူငွေနှင့် ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းလေးဒေသအတွင်းငလျင်‌ ဘေးဒဏ်သင့် ပြည်သူများသို့ အလှူငွေနှင့် ပစ္စည်းများပေးအပ်

 



ညောင်ရွှေ ၊ ဧပြီ ၁၉


မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အင်းလေးဒေသ နန်းသဲကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများသို့ အလှူငွေနှင့်ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ညောင်ရွှေမြို့နယ်၊ အိုင်ထောင့်ကြီးကျေးရွာရှိ ငလျင်ဘေးဒဏ်ရှေ့တန်းကွပ်ကဲမှုရုံး၌ ကျင်းပသည်။


ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်တို့က အားပေးစကားပြောကြားသည်။ ထို့နောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၊ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်တို့က အလှူငွေများပေးအပ်ရာ ဒေသခံပြည်သူများက လက်ခံရယူခဲ့ကြသည်။ ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းတို့က စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ခဲ့သည်။


ယနေ့အခမ်းအနားအတွင် ပြိုကျပျက်စီးသွားသော နေအိမ်တစ်လုံးလျှင် ခုနစ်သိန်းနှုန်းဖြင့် အိုင်ထောင့်ကြီးကျေးရွာရှိ နေအိမ် (၂၄၉) လုံး၊ ရှေ့ဝကြီးကျေးရွာရှိ နေအိမ် (၈၀) လုံးနှင့် မြောင်းဝကြီးကျေးရွာရှိ နေအိမ် (၆၅) လုံး၊ စုစုပေါင်းနေအိမ် (၃၉၄) လုံးအတွက် ငွေကျပ် (၂၇၅၈) သိန်းကို ပေးအပ်လှူဒါန်းခဲ့သည်။


၎င်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် အင်းလေးဖောင်တော်ဦးဘုရား ဇလသာလာဆောင်၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အင်းလေးဖောင်တော်ဦး ဘုရားဂေါပကအဖွဲ့နှင့် တွေ့ဆုံ၍ ဖောင်‌‌တော်ဦးဘုရားစံကျောင်းနှင့် ရင်ပြင်ပြင်ဆင်ရေးအတွက် စက်ယန္တရားများ၊ ပစ္စည်းများ သယ်ယူပို့ဆောင်ရေး၊ နေရာချထားရေး၊ လုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဟိုတယ်ဇုံစက်လှေဆိပ်၌ ရောက်ရှိနေသည့် ဘိုးပိုင်တိုင်များ၊ စက်ယန္တရားများကို ကြည့်ရှုစစ်ဆေးခဲ့သည်။


ထို့နောက် ညောင်ရွှေမြို့ရှိ ယဉ်ကျေးမှုပြတိုက် (ဟော်နန်း) သို့ သွားရောက်၍ ငလျင်ဒဏ်‌ကြောင့် ထိခိုက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မူလလက်ရာမပျက်ပြင်ဆင်ရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


နေမျိုးသူရိန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)