မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာလာသော တရုတ်ကယ်ဆယ်ရေးအဖွဲ့များအား ဂုဏ်ပြုကြိုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာလာသော တရုတ်ကယ်ဆယ်ရေးအဖွဲ့များအား ဂုဏ်ပြုကြိုဆို





ပေကျင်း၊ ဧပြီ ၁၁

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်၊ ဒေသစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ် ၀၂ စက္ကန့်တွင် မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုပြီး အင်အားအလွန်ပြင်းထန်သော ရစ်ခ်တာစကေး ၇.၇ အဆင့်ရှိ မြေငလျင်ကြီးတစ်ခုနှင့် နောက်ဆက်တွဲမြေငလျင်များ လှုပ်ခတ်ခဲ့မှုနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ဝင် ၃၇ ဦးသည် အသက်ကယ် ကိရိယာများ၊ ငလျင်ကြိုတင်သတိပေးစနစ်များ၊ ခရီးဆောင်ဂြိုလ်တုများ၊ ဒရုန်းများအပါအဝင် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ ၁၁၂ စုံဖြင့် ၁၈ နာရီအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး ရောက်ရှိလာသော အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့ ဖြစ်သည်။

ထို့ပြင် တရုတ်နိုင်ငံအစိုးရ၏ အစီအစဉ်ဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ တရုတ် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ၊ အရေးပေါ်စီမံခန့်ခွဲမှု ဝန်ကြီးဌာနတို့မှ ကြီးမှူးကာ မြန်မာနိုင်ငံ၌ မြေငလျင်ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင် သော တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့၊ တရုတ်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့နှင့် တရုတ် နိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသကယ်ဆယ်ရေးအဖွဲ့တို့သည် နိုင်ငံတကာ ကယ်ဆယ်ရေးမစ်ရှင် ပြီးမြောက်၍ ၂၀၂၅ ခုနှစ်၊ ဧပြီ ၉ ရက် နံနက်ပိုင်းတွင် တရုတ်လေတပ် Y-20 လေယာဉ်လေးစင်းဖြင့် နေပြည်တော်မှ တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့သည်။

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်မောင်ဆွေသည် အရေးပေါ်စီမံခန့်ခွဲမှု ဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Wang Xiangxi၊  ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ Chief Secretary H.E. Mr. Chan Kwok-ki ၊ တရုတ်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ဒုတိယဝန်ကြီး H.E. Mr. Liu Junfeng ၊ တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အခြားဧည့်တော်များနှင့်အတူ အဆိုပါကယ်ဆယ်ရေး အဖွဲ့များအား ၂၀၂၅ ခုနှစ်၊ ဧပြီလ ၉ ရက်၊ ညနေ ၁၅၀၀ နာရီအချိန်၌ ပေကျင်းအပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ကြိုဆိုသည့်အခမ်းအနားသို့ တက်ရောက်၍ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထိုသို့ ကျေးဇူးတင်စကားပြောကြားရာတွင် မြန်မာသံအမတ်ကြီးက ရာသီဥတုပူပြင်းပြီး အမြင့်ဆုံးနေ့ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်နှင့် အထက်ရှိကာ ခြင်များပေါများသည့် မြေငလျင် ဘေးသင့်နေရာများ၌ ယခုကဲ့သို့ အပင်ပန်းခံ၊ ဇွဲရှိရှိဖြင့် ကြိုးစားကူညီဆောင်ရွက်ပေးခဲ့ သည့်အတွက် ကယ်ဆယ်ရေးအဖွဲ့ဝင်အားလုံးအား မြန်မာနိုင်ငံတော်အစိုးရ ကိုယ်စား၊ မြန်မာ ပြည်သူများကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် အမြဲအမှတ်ရနေမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ် ကျရောက်ပြီး ခက်ခဲနေသည့် အချိန်၌ တရုတ်သမ္မတရှီကျင့်ဖျင်၏ ဦးဆောင်မှုနှင့်အတူ အဖက်ဖက်က ကူညီထောက်ပံ့ပေးခဲ့သော အကြီးအကဲများ၊ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ၊ လုပ်ဖော်ကိုင်ဖက်များ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းဖြင့်လည်း ပြောကြားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)