နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညွှန်ကြားရေးမှူး နှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညွှန်ကြားရေးမှူး နှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ




နေပြည်တော်၊ ဧပြီ ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ လုပ်ငန်းလည် ပတ်မှုဆိုင်ရာ ညွှန်ကြားရေးမှူး Ms.Yasmine Praz Dessimoz နှင့် အာရှပစိဖိတ်ဒေသ ဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Regis Savioz ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် ငလျင်သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရမှု အခြေအနေများ၊ နိုင်ငံပေါင်း (၃၂)နိုင်ငံမှ ကူညီ ကယ်ဆယ်ရေး အဖွဲ့များစေလွှတ်ပေးခဲ့မှုနှင့် ကူညီကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးပို့ပေးခဲ့သည့် အခြေအနေများ၊ နိုင်ငံတကာမှ ပေးပို့လာသည့် ကူညီ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများကို ငလျင်ဘေးဒဏ်သင့် ပြည်သူများထံသို့ လက်ဝယ် အရောက် အမြန်ဆုံးဖြန့်ဝေပေးနေမှု အခြေအနေများ၊ မြန်မာနိုင်ငံမှ ကူညီကယ်ဆယ်ရေး အဖွဲ့များ၊ စေတနာ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတကာမှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ နှင့် ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ခဲ့သည့် အခြေအနေများ၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ AHA Centre အပါအဝင် နိုင်ငံပေါင်း (၃၂)နိုင်ငံမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့် ICRC တို့ ပူးပေါင်း၍ ငလျင်ဒဏ်ခံစားခဲ့ရသည့် ဒေသများ၌ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံ၌ ICRC က ငလျင်ဒဏ်သင့် ဒေသများတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အတူ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညွှန်ကြားရေးမှူး ၊ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြား ရေးမှူးတို့နှင့်အတူ ICRC ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)