ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၌ အကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ်နင်း မိုင်း ၁ လုံး ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၌ အကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ်နင်း မိုင်း ၁ လုံး ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

 




နေပြည်တော်၊ ဧပြီ ၁၁

အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်သေဆုံးဒဏ်ရာရရှိစေရန် ရည်ရွယ်ကာ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်ခြင်း၊ အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦများနှင့် လူနေအိမ်များအနီးတွင် ဖောက်ခွဲရေးပစ္စည်းကိရိယာများ တပ်ဆင်မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှမိုင်းထောင်ဖောက်ခွဲ ခြင်းများအား နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်မှုများကြောင့် ဧပြီ ၁၀ ရက် ညနေ ၅ နာရီခန့်တွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊ အမှတ်(၃)ရပ်ကွက်နေ မဇင်မြတ်နိုး (၁၂)နှစ်၊ မကြယ်စင်လင်းသန့် (၁၇)နှစ်နှင့် မစင်သီတာသိမ့်(၁၂)နှစ်တို့ ၃ ဦးသည် အဆိုပါရပ်ကွက်အနီး သံလွင်မြစ်ကမ်းဘေး၌ ရေကူးရန်သွားရောက်စဉ် အကြမ်းဖက်သမားများထောင်ထားသည့် ဒေသန္တရလက်လုပ်နင်းမိုင်း ၁ လုံး အား မဇင်မြတ်နိုင်မှ နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတို့ ၃ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည်။

အဆိုပါ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည့် ကလေးငယ်များအား ဘားအံပြည်သူ့ဆေးရုံ ကြီးသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အကြမ်းဖက် သမားများ၏ စဉ်းစားဆင်ခြင်ဉာဏ်ကင်းမဲ့စွာဖြင့် အကြမ်းဖက်လုပ်ဆောင်နေမှုများကို ရပ်ကွက်/ကျေးရွာလူထုမှ လွန်စွာရွံမုန်းလျက်ရှိကြောင်းသိရှိရပြီး အကြမ်းဖက်မိုင်းထောင်သူများအား ဥပဒေ နှင့်အညီ အမြန်ဆုံးဖော်ထုတ်အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)