မန္တလေး၊ ဧပြီ ၁၀
ဧရာဝတီဖောင်ဒေးရှင်းသည် ငလျင်ဒဏ်သင့် မန္တလေးမြို့ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံတို့အတွက် ကုတင်(၂၀၀)ဆံ့ ယာယီဆေးရုံများကို ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ လက်တွဲ၍ အလျင်အမြန် တည်ဆောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ ဆေးရုံကြီးအတွက် HDU (၁၂)ကုတင်ပါ ကုတင်(၅၀)ဆံ့ ယာယီဆေးရုံကို ဧပြီလ (၆)ရက်နေ့တွင် လည်းကောင်း၊ မန္တလေး ကန်တော်နဒီပြည်သူ့ဆေးရုံအတွက် HDU (၆)ကုတင်ပါ ကုတင် (၁၅၀)ဆံ့ ယာယီဆေးရုံကို ဧပြီလ (၈)ရက်နေ့တွင် လည်းကောင်း အသီးသီး ဖွင့်လှစ်ခဲ့ပြီးဖြစ်ကာ မန္တလေး အရိုးအထူးကုဆေးရုံကြီးနှင့် စစ်ကိုင်းမြို့နယ် ပြည်သူ့ဆေးရုံအတွက် ကုတင်(၁၀၀) ယာယီဆေးရုံ တစ်ခုစီကိုလည်း အမြန်ဆုံး ထပ်မံ ဖွင့်လှစ်နိုင်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဆေးရုံများသို့ ဦးဇော်ဇော်ကိုယ်တိုင် သွားရောက် စစ်ဆေးဆောင်ရွက်ခဲ့သည်ကို တွေ့ရပြီး ယခုကဲ့သို့ ယာယီဆေးရုံများ တည်ဆောက်ဖွင့်လှစ်နိုင်ရန်အတွက် အဖက်ဖက်မှ ဝိုင်းဝန်ကူညီပေးခဲ့သူများ အားလုံးကို ဧရာဝတီဖောင်ဒေးရှင်းမှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြန်ထားသည်။
#MandalayEartquake
https://t.me/MyanmarNationalPost









No comments:
Post a Comment