ငလျင်ဘေးဒဏ်သင့်ခဲ့သည့် ဒေသများရှိ ပြည်သူများအတွက် စေတနာရှင်များက အလှူငွေများ ပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငလျင်ဘေးဒဏ်သင့်ခဲ့သည့် ဒေသများရှိ ပြည်သူများအတွက် စေတနာရှင်များက အလှူငွေများ ပေးအပ်လှူဒါန်း





တိုကျို၊ ဧပြီ ၁၃

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် (သောကြာနေ့) က မန္တလေးမြို့၏ အရှေ့မြောက်ဘက် (၂၀) မိုင်ခန့်အကွာကို ဗဟိုပြု၍ ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိသည့် အင်အားပြင်းမြေငလျင် လှုပ်ခတ် ခဲ့သဖြင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့သောများတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ် ခဲ့ရပြီး၊ ငလျင်ဒဏ်ခံစားရသည့်ဒေသများအား အရေးပေါ်အခြေအနေ ကြေညာထားရှိသည်။

အဆိုပါမြေငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် RIZIN Fighting Federation မှ CEO Mr. Nobuyuki Sakakibara နှင့်မိတ်ဆွေများမှ ဂျပန်ယန်း ၁၀,၀၀၀,၀၀၀ (ယန်းဆယ်သန်း) တန်ဖိုးရှိ ရွက်ဖျင်တဲ အလုံး (၇၀) နှင့် သောက်ရေသန့်များကို (၁၀-၄-၂၀၂၅) ရက် နေ့က လာရောက်လှူဒါန်းရာ သံအမတ်ကြီးဦးစိုးဟန်မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

အလားတူ အီဘာရာကီခရိုင်၊ ဟိုခိုတမြို့၊ ထေရဝါဒဓမ္မစာရီ မြန်မာကျောင်းတိုက်၊ ဂျောရှင်းအန်းဝိပဿနာတရားရိပ်သာမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ဂျပန်ယန်းငွေ ၂,၀၀၀,၀၀၀ (ယန်းနှစ်သန်း) ကို (၉-၄-၂၀၂၅) ရက်နေ့က လာရောက် လှူဒါန်းရာ သံအမတ်ကြီး ဦးစိုးဟန်မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ထို့ပြင် ကိုဘေးမြို့ရှိ မြန်မာနိုင်ငံဆိုင်ရာဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Noriatsu Otomori မှ ယန်းငွေ ၂၀၀,၀၀၀ (ယန်းနှစ်သိန်း) ကို (၇-၄-၂၀၂၅) ရက်နေ့ကလည်းကောင်း၊ FeRrum Co., Ltd. မှ ယန်းငွေ 1၀၀,၀၀၀ (ယန်းတစ်သိန်း) ကို (၉-၄-၂၀၂၅) ရက်နေ့ကလည်းကောင်း၊ Minzoku Forum မှ ယန်းငွေ 1၀၀,၀၀၀ (ယန်းတစ်သိန်း) ကို (၁၀-၄-၂၀၂၅) ရက်နေ့က လည်းကောင်း၊ လာရောက်လှူဒါန်းကြရာ သံအမတ်ကြီးဦးစိုးဟန်မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ဧပြီလ (၁၁) ရက်နေ့အထိ မြန်မာသံရုံးတွင် စေတနာရှင်များနှင့်အဖွဲ့အစည်းအသီးသီးတို့မှ  စုပေါင်းလှူဒါန်းငွေအနေဖြင့် ယန်း ၉,၂၈၂,၀၀၀ (ယန်း ကိုးသန်း နှစ်သိန်း ရှစ်သောင်းနှစ်ထောင်) အား လက်ခံရရှိခဲ့ပြီး စုစုပေါင်း ယန်း ၂၀,၀၀၀,၀၀၀ (ယန်း သန်း ၂၀ တိတိ) ပမာဏရှိ အစား အသောက်နှင့်ဆေးဝါးများ၊ သောက်ရေသန့်နှင့် ရွက်ဖျင်တဲများအား လက်ခံရရှိခဲ့သည်။ အဆိုပါ လှူဒါန်းငွေများနှင့်ပစ္စည်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လှူဒါန်းသွားမည် ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်ထားသည်။ 


#MandalayEartquake #Japan

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)