ဒုတိယဝန်ကြီး ဦးမြင့်စိုး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်တောင်းမြစ်ကူးတံတားများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမြင့်စိုး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်တောင်းမြစ်ကူးတံတားများ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဧပြီ ၁၀

သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ကြိုပင်သာကျေးရွာသို့ သွားရောက်ပြီး မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပေါင်းလောင်း-ကြိုပင်သာ စစ်တောင်းမြစ်ကူးတံတား ပေ ၆၀၀ ၏ ထိခိုက်ပျက်စီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူအင်ဂျင်နီယာများက ထိခိုက်မှုအခြေအနေများ၊ ပြန်လည်ပြုပြင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ အဆိုပါတံတား၌ ရှစ်တန်ယာဉ်များနှင့် ပြည်သူများ ဧပြီ ၉ ရက်မှစ၍ ဖြတ်သန်းသွားလာနိုင်ရေးစီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် လယ်ဝေးမြိုနယ် ရုံးပင်ကျေးရွာသို့ သွားရောက်ပြီး ငလျင်ဒဏ်ကြောင့် ရုံးပင်-အေးချမ်းသာ စစ်တောင်းမြစ်ကူးတံတား ပေ ၈၄၀ ၏ ထိခိုက်ပျက်စီးမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူအင်ဂျင်နီယာများက Pier 1 နှင့် Pier 2 ကြား Girder ပြုတ်ကျမှုကြောင့် ပေ ၉၀ ယာယီဘေလီ တံတား တည်ဆောက်ပေးထားပြီး ၁၀ တန်ယာဉ်များနှင့် ပြည်သူများ ဧပြီ ၁၁ ရက်မှစ၍ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း တင်ပြရာ ဒုတိယဝန်ကြီးက ပညာရှင်အင်ဂျင်နီယာများက ထိခိုက်ပျက်စီးမှုများကို စနစ်တကျစစ်ဆေးပြီး ပြန်လည်ပြုပြင်ရန် အစီအမံများ တင်ပြဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အမြန်ဆုံးပြန်လည်ပြုပြင်တည်ဆောက်ရန် မှာကြားကာ လိုအပ်သည်များ ညှိနှိင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုနောက် ဒုတိယဝန်ကြီးသည် ရန်အောင်မြင်ကျေးရွာသို့ သွားရောက်ပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရွာမကျေးရွာ၊ ပေါက်တောကျေးရွာ၊ ရန်အောင်မြင်ကျေးရွာတို့မှ ပြည်သူများအတွက် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် အထိုင်ချပြီး သောက်သုံးရေဖြန့်ဝေပေးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာနရုံး အဝင်လမ်းအား ယာဉ်/ ယန္တရားများဖြင့် ပြန်လည်ပြုပြင်နေမှုကိုလည်းကောင်း၊ သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့မှ ဝန်ထမ်းများ ယာယီတည်းခိုနေထိုင်ရေးအတွက် အိမ်ရာများ တည်ဆောက်နိုင်ရေး မြေပြုပြင်နေမှုကိုလည်းကောင်း၊ ရုံးပတ်ဝန်းကျင်ရှိ စားရိပ်သာဆောက်လုပ်ရန် ပြင်ဆင်နေမှုနှင့် ဆည်ပေါင်ထိခိုက်ပျက်စီးမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)