ပေါင်၊ ဧပြီ ၁၀
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးရဲနိုင် က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝါရီရူခန်းမ ၌လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးရဲနိုင် က ပေါင်မြို့နယ်အနေဖြင့် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုအလေးထားဆောင်ရွက်ရန် ၊ ဆန်စပါးနှင့်ဆီထွက်သီးနှံများကိုလည်း လျာထားချက်အတိုင်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြဖို့လိုအပ်ပါကြောင်း ၊ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် အချိန်မီပြုပြင် ဆောင်ရွက်ကြဖို့လိုအပ်ပါ ကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသောမြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများက သိလိုသည်များကိုမေးမြန်းခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးရဲနိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် နှင့်အဖွဲ့ဝင်တို့က ပြန်လည်ဖြေကြားပေးခဲ့
ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost



No comments:
Post a Comment