လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ထမ်းများသို့ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက လှူဒါန်းငွေနှင့် ပစ္စည်းများ ထောက်ပံ့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ထမ်းများသို့ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက လှူဒါန်းငွေနှင့် ပစ္စည်းများ ထောက်ပံ့လှူဒါန်း


နေပြည်တော်၊ ဧပြီ ၁၀

မတ် ၂၈ ရက်က ငလျင်လှုပ်ခတ်မှုကြောင့် ဘေးသင့်ပြည်သူများဖြစ်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲဝင်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ငွေကျပ် သိန်း ၃၀၀၊ စတီးထမင်းစားဇလုံ ၁၀၀၊ စတီးထမင်းစားပန်းကန်ပြား အချပ် ၁၀၀၊ စတီးဇွန်း အချောင်း ၃၀၀၊ စတီးဟင်းထည့်ပန်းကန်လုံး ၁၀၀၊ ထမင်းချက်ဒန်အိုး၊ ဟင်းချက်ဒယ်အိုးနှင့် ပလတ်စတစ်ဇလားများအား လာရောက်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် DMC ရုံးသို့ ဦးရဲကျော်ထွဋ် (MSI-Microtech Solutions, Switzerland)၊ (Director, Modern Class Co., ltd. Myanmar) က ငွေကျပ် သိန်း ၁၀၀ ကိုလည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသမီးစွမ်းဆောင်ရှင်အသင်းက ငွေကျပ် သိန်း ၂၀ ကိုလည်းကောင်း၊ ဦးမောင်မောင်သန်း (GOLD TWIN TIGERS TRADING Co.,ltd.) က ငွေကျပ် သိန်း ၁၁၀၀ နှင့် ငွေကျပ်သိန်း ၅၀၀ တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းနှင့် စက်ပစ္စည်းတို့ကိုလည်းကောင်း ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုဝန်ကြီးက မတ် ၂၈ ရက်တွင် အလွန်ပြင်းထန်သော မြေငလျင်လှုပ်ခတ်မှုကြောင့် ဝန်ထမ်းအတော်များများသည် ယာယီနေထိုင်ရာနေရာများတွင် ရောက်ရှိနေကြောင်း၊ လိုအပ်ချက်များ များစွာရှိနေပါ၍ ကာလဒါနအဖြစ် လှူဒါန်းခြင်းအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)