တာမွေ၊ ဧပြီ ၁၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ သင်္ဃန်းကျွန်းခရိုင်၏ စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် မြန်မာပြည် အနယ်နယ် အရပ်ရပ်မှ ငလျင်ဘေးဒဏ်သင့်လူနာများအား သင်္ဃန်းကျွန်းခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များက အလှူငွေများ ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့သည်။
ထိုကဲ့သို့ လှူဒါန်းရာတွင် သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးကျော်စည်သူနှင့်နှင့် အလုပ်အမှုဆောင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်များမှ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ ငလျင်ဘေးဒဏ်သင့်လူနာ တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် လူနာ(၃၅)ဦးအတွက် စုစုပေါင်းလှူဒါန်းငွေကျပ်(၃၅)သိန်းတိတိကို လူနာရှင် များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment