ပဲခူးတိုင်းဒေသကြီး( YMBA) အသင်းမှ ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး( YMBA) အသင်းမှ ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် အလှူငွေများ ပေးအပ်လှူဒါန်း


ပဲခူး၊ ဧပြီ ၁၀

 ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) ပဲခူးတိုင်းဒေသကြီးမှ ဧပြီလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ သွားရောက်၍ ငလျင်ဘေးဒဏ်သင့်ပြည်သူမျာအတွက် အလှူငွေပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အလှူငွေပေးအပ်လှူဒါန်းရာတွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ပဲခူးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးလှတင်ဦးနှင့် အသင်းဝင်များမှ ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် အလှူငွေကျပ်သိန်း(၃၀)အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်ထံ ပေးအပ်လှူဒါန်းခဲ့ရာ ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)၊ ပဲခူးတိုင်းဒေသကြီးအသင်းအနေဖြင့် ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)သို့ အလှူငွေ(၁၀) သိန်းကျပ်လှူဒါန်းပေးခဲ့သည့်အပြင် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)မှ တိုင်းဒုတိယဥက္ကဋ္ဌ (၂)ဦးဆောင်ပြီး ကျပ်သိန်း(၁၀၀)ကျော်တန်ဘိုးရှိ အလှူပစ္စည်းများကိုလည်း ဆက်လက်လှူဒါန်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)