ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများအတွက် ပြည်တွင်း/ပြည်ပ အလှူရှင်များက လှူဒါန်းသည့်ပစ္စည်းများအား လက်ခံလွှပြောင်းပေးပြီး ဝန်ကြီးဌာနမှ ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများသို သွားရောက်ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား တွေ့ဆုံအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများအတွက် ပြည်တွင်း/ပြည်ပ အလှူရှင်များက လှူဒါန်းသည့်ပစ္စည်းများအား လက်ခံလွှပြောင်းပေးပြီး ဝန်ကြီးဌာနမှ ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာများသို သွားရောက်ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား တွေ့ဆုံအားပေး


နေပြည်တော်၊ ဧပြီ ၁၀

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ၈-၄-၂၀၂၅ ရက်နေ့က ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၌ ဧရာဝတီဖောင်ဒေးရှင်းနှင့် ပြည်တွင်း/ပြည်ပမှ အလှူရှင်များက ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများနှင့် မိသားစုများအတွက် လာရောက်လှူဒါန်းသော ထောက်ပံ့ငွေများနှင့် အစားအသောက်များ၊ တစ်ကိုယ်ရေသုံးပစ္စည်းများကို လက်ခံရယူပြီး ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများထံသို လွှဲပြောင်းဖြန့်ဝေပေးသည်။

ထိုနောက် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် နေပြည်တော်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရုံးအဆောက်အအုံပတ်ဝန်းကျင်အနီးတွင် ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများနှင့် မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန် မြေနေရာနှင့် ယာယီအဆောက်အအုံ ဆောက်လုပ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ပြောင်းရွှေ့နေရာချထားပေးရန် ကျန်ရှိနေသေးသော ဝန်ထမ်းများနှင့် မိသားစုဝင်များအား အမြန်ဆုံးပြောင်းရွှေ့နေရာချထားနိုင်ရေးအတွက် လုပ်ငန်းများအား စနစ်တကျ လျင်မြန်စွာဆောင်ရွက်ကြရေး တာဝန်ရှိသူများအား မှာကြားသည်။

ယမန်နေ့က ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် မန္တလေးမြို့သို့ သွားရောက်ပြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီးရုံးတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း/အမှုထမ်းများအား မန္တလေးစွမ်းဟိုတယ်၌ တွေ့ဆုံသည်။ 

ထိုသို တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသည့် ဝန်ထမ်းများအား အားပေးစကားပြောကြားကာ ဝန်ထမ်းများအနေဖြင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးကို အားပေးမြှင့်တင်ပြီး ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ရုံးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များ၊ စည်းမျဉ်း/စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ခေတ်နှင့်အညီ တိုးတက်လာသည့် နည်းပညာများကို စဉ်ဆက်မပြတ်လေ့လာသင်ယူ၍ ဝန်ကြီးဌာနအကျိုး၊ နိုင်ငံ့အကျိုးကို သယ်ပိုးထမ်းရွက်နိုင်သော ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့်အတူ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသည့် ဝန်ထမ်းများအတွက် ယာယီနေရာချထားပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့် မိသားစုဝင်များအနေဖြင့် စည်းကမ်းစနစ်တကျဖြင့် နေထိုင်ကြရေး၊ ကျန်းမာရေးနှင့် အသိသတိဖြင့် နေထိုင်ကြရေး၊ တာဝန်ရှိသူများအနေဖြင့် နိုင်ငံပိုင်ပစ္စည်းများအား လေလွင့်ဆုံးရှုးမှုမဖြစ်စေရေးအတွက် စာရင်းဇယားများဖြင့် စနစ်တကျ ထိန်းသိမ်းထားရှိရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို ၂၉ လမ်းပေါ်ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီးရုံး အဆောက်အအုံနှင့် ၇၁ လမ်းရှိ ဝန်ကြီးဌာနမှ ဝန်ထမ်းအိမ်ရာသို သွားရောက်ကာ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ရုံးအဆောက်အအုံ၏ ကြံ့ခိုင်မှု၊ သန့်ရှင်းသပ်ရပ်မှုနှင့် အမြင်တင့်တယ်မှုရှိအောင် စနစ်တကျထိန်းသိမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မရမ်းခြံဆိပ်ကမ်းသို့ သွားရောက်ကာ ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များအနေဖြင့် ခရီးသွားဆွဲဆောင်ရာနေရာများနှင့် ခရီးစဉ်ဒေသဆိုင်ရာ အချက်အလက်များကို အလွယ်တကူသိရှိနိုင်ရန်အတွက် ဝန်ကြီးဌာနမှ ဆောင်ရွက်ထားသည့် သတင်းပြန်ကြားရေးကောင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ခရီးသည်များကို ကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရေး၊ ဘာသာစကားနှင့် အသိပညာဗဟုသုတပြည့်စုံနေရန် စဉ်ဆက်မပြတ် လေ့လာသင်ယူကြရေး၊ ခရီးသွားဧည့်သည်များ အတွက်လိုအပ်သည့် သတင်းအချက်အလက်များကို ပြည့်စုံစွာထားရှိနိုင်ရေး စီမံဆောင်ရွက်ထားကြရန် တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် Aung Myint Mo Hotel သို့ သွားရောက်ကာ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများကို ကြည့်ရှုပြီး ဟိုတယ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံအားပေးခဲ့ကြောင်း သတင်းရရှိသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)