ဧပြီ - ၂၀ ( တနင်္ဂနွေနေ့ )
လာအိုသမ္မတ သောင်လောင်ဆီဆူလစ်သ် ၏ ဖိတ်ကြားချက်အရ ထိုင်းတော်ဝင် မင်းသမီး မဟာချက်ကရီသီရိဒုံ သည် ဧပြီလ ၂၁ ရက်မှ ၂၄ ရက်အထိ လာအိုနိုင်ငံသို့ လာရောက် လည်ပတ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
သူမရဲ့ ခရီးစဉ်အတွင်း လာအိုဆေးဘက်ဆိုင်ရာဝန်ထမ်းများအတွက် ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးနည်းပညာဆိုင်ရာ လေ့ကျင့်ရေးပရောဂျက်၏ ၂၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် မင်းသမီး သိရိဒုံ သည် ဆေးဘက်ဆိုင်ရာနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပညာရပ်ဆိုင်ရာ ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ပါတယ်။
လာအိုနှင့် ထိုင်းနိုင်ငံတို့အကြား ခိုင်မာပြီး ကြီးထွားလာသော ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ရောင်ပြန်ဟပ်ကာ ကဏ္ဍများစွာတွင် ဆက်လက်တိုးချဲ့လျက်ရှိပါတယ်။ ယခုနှစ်သည် ၁၉၅၀ ခုနှစ်တွင် စတင်ခဲ့သော လာအို-ထိုင်း သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက်လည်း ဖြစ်ပါတယ်။
REF: Vietiane Times
https://t.me/MyanmarNationalPost

No comments:
Post a Comment