တရားသူကြီးရဲ့ မွေ့ယာအောက်မှာ လာဘ်ထိုးငွေ ဒေါ်လာ ၃၆၀,၀၀၀ ကို သိမ်းဆည်းရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တရားသူကြီးရဲ့ မွေ့ယာအောက်မှာ လာဘ်ထိုးငွေ ဒေါ်လာ ၃၆၀,၀၀၀ ကို သိမ်းဆည်းရမိ


ဧပြီ - ၂၄ ( ကြာသပတေးနေ့ ) 

ရှေ့နေချုပ်ရုံး (AGO) ရဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်အရ ဂျကာတာတရားသူကြီးတစ်ဦးရဲ့ အိမ်ကမွေ့ရာ အောက်တွင် ဝှက်ထားသော ကန်ဒေါ်လာ ၃၆၀,၀၀၀ ကို စုံစမ်းစစ်ဆေးသူများက ဖော်ထုတ်တွေ့ရှိ ခဲ့တာကြောင့် အဆိုပါ တရားသူကြီးကို အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုဖြင့် ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။ အမေရိကန် ငွေစက္ကူများ လာဘ်ပေးလာဘ်ယူမှုဖြင့် တရားရင်ဆိုင်နေသည့် တရားသူကြီး အလီမူဟာသာရွန် ၏ အိပ်ယာအောက်တွင် ငွေသားအတိုင်း သိမ်းဆည်းရခဲ့ခြင်းဖြစ်ပါတယ်။ 

အစိုးရရှေ့နေများသည် ဧပြီလ ၁၃ ရက်နေ့တွင် စင်ထရာယ်ဂျာဗား ရှိ တရားသူကြီး၏နေအိမ်ကို ရှာဖွေမှုအတွင်း ဒေါ်လာ ၁၀၀တန် ၃၆ ရွက်အပြင် အခြားငွေစက္ကူများကိုလည်း သိမ်းဆည်ရမိခဲ့ပါတယ်။ "အားလုံးပေါင်း ကန်ဒေါ်လာငွေသားချည်းပဲ  ၃သိန်း၆သောင်း ကိုတွေ့ရှိခဲ့ပါတယ်" ဟု ရှေ့နေချုပ်ရုံးမှပြောခွင့်ရှိသူက ဆိုပါတယ်။ တနင်္ဂနွေနေ့က အလီကို ဖမ်းဆီးပြီးနောက် ဂျကာတာရှိ AGO ရုံးချုပ်တွင် ၎င်း၏နောက်ဆက်တွဲ စစ်ဆေးမေးမြန်းမှုကို ပြုလုပ်ခဲ့ခြင်း မှ အဆိုပါငွေများကို ရှာဖွေဖော်ထုတ်နိုင်ခဲ့တာပါ။

AGO မှ ထုတ်ဝေသည့် ဗီဒီယိုတစ်ခုတွင် စုံစမ်းစစ်ဆေးသူများသည် မွေ့ယာအောက်ရှိ ကတ်ထူပုံးကို ဆွဲထုတ်ကာ ဆန်အိတ် နဲ့ ထုတ်ထားတဲ့ ခရီးဆောင်အိတ်ကို တွေ့ရပါတယ်။ နေအိမ်ရှိ အမျိုးသမီးတစ်ဦးသည် ပလပ်စတစ်ဖြင့် ချိတ်ပိတ်ထားသော အမေရိကန် ဒေါ်လာ အထုပ်ကြီးနှစ်ထုပ်ကို ရှာဖွေတွေ့ရှိရာ အရာရှိများကို လမ်းညွှန်ပြသခဲ့တာပါ။


REF: Jakarta globe

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)