နေပြည်တော်၊ ဧပြီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာအုပ်စု၊ ဒေါက်လောက်ကျေးရွာအနီး ထားဝယ်ရေနက်ဆိပ်ကမ်းသို့သွားလာသည့်လမ်းပေါ်၌ ထားဝယ်မြစ်အား ဖြတ်သန်းဆောက်လုပ်ထားသည့် အရှည် ၅၀၀ ပေ၊ အနံ ၁၂ ပေရှိသံကူကွန်ကရစ် ဘေလီ တံတားအား ယနေ့နံနက် ၁၀ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက် သမားများက မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ၆ လက်မ ၃ လက်မရှိသစ်သားဇလီဖားများနှင့် အပေါ်ပြင်ခင်းများ ပေ ၂၀၀ ခန့်မီးလောင်ပျက်စီးခဲ့ကြောင်းနှင့် မော်တော်ယာဉ် များ ဖြတ်သန်းသွားလာနိုင်မှုမရှိကြောင်း သိရှိရသည်။
အဆိုပါ ပျက်စီးခဲ့သည့်တံတားအား ရေဖြူမြို့နယ်လမ်းဦးစီးဌာနမှ အမြန်ဆုံး ပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါနေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment