အမေရိကန်တွေ ၊ ပြင်သစ်တွေ က ဒီမိုကရေစီဟန်ပြ အာဏါရှင်နိုင်ငံတွေပါလို့ လူကာရှန်ကိုပြောပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန်တွေ ၊ ပြင်သစ်တွေ က ဒီမိုကရေစီဟန်ပြ အာဏါရှင်နိုင်ငံတွေပါလို့ လူကာရှန်ကိုပြောပြီ


ဧပြီ - ၁၂ ( သောကြာနေ့ ) 

ဘီလာရုစ် သမ္မတ လူကာရှန်ကို က မနေ့ကလုပ်တဲ့ MIRရုပ်သံနဲ့ အင်တာဗျူးမှာ အမေရိကန်တို့ ပြင်သစ်တို့လို နိုင်ငံတွေက ဒီမိုကရေစီဆိုပြီး ဟန်ပြကာ အာဏါရှင်နိုင်ငံတွေဖြစ်နေကြပါတယ် လို့ ပြောသွားပါတယ် ။ "သူတို့တွေ ဘယ်လောက်တောင် ဟန်ဆောင်နေပါစေ၊ နောက်ဆုံးတော့ ဘီးလူရုပ်တွေထွက်ထွက် လာပြီး အာဏါရှင် လုပ်ထုံးလုပ်နည်းတွေနဲ့ တိုင်းပြည်အုပ်ချုပ်နေကြတာပါ" လို့ ဆိုသွားပါတယ်။ 

လူကာရှန်ကိုက  ဂျာနယ်လစ်တွေကို သတင်းနဲ့ ပတ်သက်ပြီး ကျင့်ဝတ်များလိုက်နာရန်နဲ့ ဘက်မလိုက်မဘဲ အချက်အလက်တွေကို တင်ပြဖို့အတွက် ပြောသွားပါတယ် ။  "သတင်းတွေက ဒီနေ့ ကမ္ဘာမှာ ပိုရှားပါးလာတဲ့ အရာတစ်ခုပါ။ သတင်းကို သတင်းအတိုင်း တင်ပြဖို့ ရည်မှန်းချက် ထားရှိတဲ့ သတင်းစာပညာ မရှိတာ အမှန်ပါပဲ၊ အမေရိကန်တွေ၊ ပြင်သစ်တွေနဲ့ တခြားသူတွေ ဘယ်လောက်ပဲ ဟန်ဆောင်ဖို့ ကြိုးစားနေပါစေ၊ သူတို့က ဝါဒဖြန့်ရုံတင် မဟုတ်ဘူး၊ အဲဒါက ဒီထက်ကျော်လွန်သွားပြီ လူထုကို ဖမ်းစားဖို့ပါကြိုးစားနေပါတယ် ။ ဒါက ဒီမိုကရေစီ မဟုတ်ဘူး၊ အာဏာရှင်ဝါဒပဲ၊ ငါတို့ကို သူတို့ က ဘီးလူတွေအဖြစ်မြင်စေပြီး သူတို့ကိုယ်သူတို့ ကျတော့ မင်းသားလေးတွေအဖြစ်မြင်စေတာလေ။ အဲ့လို တင်ပြခဲ့ပုံကို သတိရလိုက်ပါ" လို့ ဘီလာရုစ် သမ္မတကပြောပြီး နိဂုံးချုပ်ခဲ့ပါတယ်။

“ ဥရောပ က ဒီမိုကရေစီနိုင်ငံတွေက မီဒီယာကို လက်နက်သဖွယ်သုံးပြီး သူတို့မြင်စေချင်တဲ့ သူကို မြင်စေတယ်၊ သူတို့ မမြင်စချေင်တဲ့ သူတွေကို ကွယ်ဖွက်ထားတယ်။ ပြည်သူကို  အမှန်တရားတွေ ပေးမသိဘူး၊ သူတို့လိုသလို ပုံသွင်းထားတယ်။ အဲ့ ဒါက ဒီမိုကရေစီလို့ ဆိုရင်တော့ မှားပြီပေါ့။ ဒါ အာဏါရှင်တွေရဲ့ လုပ်ပုံ ကိုင်ပုံတွေပေါ့” လို့လည်း ဆိုသွားပါတယ်။

 

REF: TASS

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)