ရွှေတောင်မြို့နယ် တွင်နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံငွေ MSMEs ထုတ်ချေးခြင်းနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် တွင်နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံငွေ MSMEs ထုတ်ချေးခြင်းနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ




ရွှေတောင်၊ ဧပြီ ၁၂

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ရွှေတောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများနိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံငွေ MSMEs ထုတ်ချေးခြင်းနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၀-၄-၂၀၂၅ ရက်နေ့က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်ကအဖွင့်အမှာစကားပြောကြားပြီး မိမိတို့၏ ဌာနအလိုက် လစဉ် ပုံမှန်ဆောင်ရွက်လျှက်ရှိသည့်လုပ်ငန်းများ၊ ရွှေတောင်မြို့နယ် အတွင်း ပေါင်းစပ်လုပ်ကိုင်ရမည့် ဒေသဖွံဖြိုးရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အား လမ်းညွှန်မှာကြား  ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာဌာနအလိုက်ပုံမှန်လုပ်ဆောင်မှုများနှင့် လက်ရှိဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ လိုအပ်သည်များ ကို ညှိနှိုင်း ပေါင်းစပ်ပေးခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံငွေမှ ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက်၊ မြောက်ကမ်းနားလမ်းနေ ဒေါ်လွင်လွင်ဦး " ကျား "ဇာခြင်ထောင်၊ ပိတ်စများနှင့် လက်သုတ်ပုဝါလုပ်ငန်းအား ကျပ်သိန်း( ၃၀၀) နှင့် မြို့မကျေးရွာအုပ်စု၊ အနောက်ပြင်ကျေးရွာနေ ဒေါ်မာမာသွင် " ယက္ကန်းလုပ်ငန်း" ကျပ်သိန်း( ၅၀) စုစုပေါင်း  MSMEs လုပ်ငန်းရှင်( ၂) ဦးတို့အား ချေးငွေကျပ်သိန်း ( ၃၅၀) ထုတ်ချေးပေးခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ၊ MSMEs လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)