ဒလမြို့၊ ဗိုလ်ရန်ပြေရပ်ကွက်ရှိ သောက်သုံးရေကန်ကြီးကို မြေဖို့၍ ရယူရန်ဆောင်ရွက်သူကို ရန်ကုန်မြို့တော်စည်ပင်က ဒဏ်ငွေ (၃)သိန်း ဒဏ်ရိုက်၊ ပြောမရသဖြင့် ဂရန်ပယ်ဖျက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒလမြို့၊ ဗိုလ်ရန်ပြေရပ်ကွက်ရှိ သောက်သုံးရေကန်ကြီးကို မြေဖို့၍ ရယူရန်ဆောင်ရွက်သူကို ရန်ကုန်မြို့တော်စည်ပင်က ဒဏ်ငွေ (၃)သိန်း ဒဏ်ရိုက်၊ ပြောမရသဖြင့် ဂရန်ပယ်ဖျက်


ရန်ကုန်၊ ဧပြီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့၊ ဗိုလ်ရန်ပြေရပ်ကွက်ရှိ သောက်သုံးရေကန်ကြီးကို နှစ်(၆၀)ဂရန် ထုတ်ပေးထားပြီး ဖြစ်တယ်လို့ သိရသည့်အကြောင်း မေးမြန်းထားခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်က မြေဖို့ခြင်းကို တားမြစ်ခဲ့ကြောင်း၊ ပြောမရသဖြင့် တရားစွဲဆိုပြီး ဒဏ်ငွေ(၃)သိန်း ဒဏ်ရိုက်ခဲ့ကြောင်း၊ ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း ဆက်လက်ဆောင်ရွက်သဖြင့် ဂရန်ပယ်ဖျက်ခဲ့ကြောင်း ပြန်လည်ဖြေကြားထားသည်ကို တွေ့ရသည်။

မေးမြန်းမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လည်ဖြေကြားရာတွင် "ဒေါ်စန်းစန်းနွယ်အားခွင့်ပြုချက်မဲ့ မြေဖို့ခြင်းလုပ်ငန်းဆောင်ရွက်သည့်အတွက် ၁၉.၃.၂၅ ရက် နေ့တွင် ရပ်ဆိုင်းရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အကြောင်းကြားစာပေးခဲ့ပါသည်။ မြေဖို့ခြင်းလုပ်ငန်းဆက်လက်ဆောင်ရွက်နေသည့်အတွက် ၂၁.၃.၂၅ ရက်နေ့တွင် ထပ်မံ၍ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ အကြောင်းကြားစာပေးခဲ့ပါသည်။ သို့ရာတွင် လုပ်ငန်းဆောင်ရွက်နေသည့်အတွက် ၂၄.၃.၂၅ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ဥပဒေ ပုဒ်မ ၃၁၂(ဃ) အရ ဒေါ်စန်းစန်းနွယ်အား မြို့နယ်တရားရုံး (စည်ပင်သာယာ) အမှတ် (၂) လသာမြို့နယ် မှ ဒဏ်ကြေးငွေကျပ် (၃)သိန်း ပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။ ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း ဆက်လက်ဆောင်ရွက်နေကြောင်းတွေ့ရှိရသဖြင့် ဂရန်ပယ်ဖျက် ခဲ့ပြီး ဖြစ်ပါသည်။" ဟု ဖြေကြားထားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ မှော်စက်ရပ်ကွက်၊ ရာဇသင်္ကြန်လမ်း၊ အမှတ် (၂၂၉) တွင် မူလစက်မှုလုပ်ငန်း လုပ်ကိုင်သူများ က မြေယာပိုင်ဆိုင်ခွင့် လျှောက်ထားရာတွင် ချထားပေးခြင်း မရှိဘဲ ဗိုလ်တစ်ထောင်မြို့နယ်မှ ဒေါ်ခင်ခင်စိုး ဆိုသူအမျိုးသမီးအား ပါမစ်ချထားပေးခဲ့ခြင်းကြောင့် မူလနေထိုင်သူများနှင့် ပြဿနာပေါ်ပေါက်ခဲ့သည်။ နစ်နာသူများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့ထံ တင်ပြတိုင်ကြားမှုများ ပြုလုပ်ခဲ့ကြပြီး မြန်မာနေရှင်နယ်ပို့စ်သို့ ပြဿနာပေါ်ပေါက်နေသည့် အခြေအနေနှင့် ပတ်သက်၍ အိတ်ဖွင့်ပေးစာ ရေးသား ပေးပို့ခဲ့ကြသည်။ ထိုသို့ ချထားပေးမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအား မြန်မာနေရှင်နယ်ပို့မှ မေးမြန်းခဲ့ရာတွင် ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)