ရန်ကုန်၊ ဧပြီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက် သောက်သုံးရေကန်ကြီးအားမြေဖို့ထားသည်ကို ပြန်လည်တူးဖော်လျက်ရှိကြောင်း သိရသည်။
ယနေ့ ပြန်လည်တူးဖော်နေသည့် အခြေအနေ တွေ့ရှိချက်ကို ရန်ကုန်မြို့မှ ဆက်သွယ်သတင်းပေးပို့ထားသည်။
သောက်သုံးရေကန်ကြီးအား မြေဖို့နေခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လည်ဖြေကြားရာတွင် "ဒေါ်စန်းစန်းနွယ်အားခွင့်ပြုချက်မဲ့ မြေဖို့ခြင်းလုပ်ငန်းဆောင်ရွက်သည့်အတွက် ၁၉.၃.၂၅ ရက် နေ့တွင် ရပ်ဆိုင်းရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အကြောင်းကြားစာပေးခဲ့ပါသည်။ မြေဖို့ခြင်းလုပ်ငန်းဆက်လက်ဆောင်ရွက်နေသည့်အတွက် ၂၁.၃.၂၅ ရက်နေ့တွင် ထပ်မံ၍ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ အကြောင်းကြားစာပေးခဲ့ပါသည်။ သို့ရာတွင် လုပ်ငန်းဆောင်ရွက်နေသည့်အတွက် ၂၄.၃.၂၅ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ဥပဒေ ပုဒ်မ ၃၁၂(ဃ) အရ ဒေါ်စန်းစန်းနွယ်အား မြို့နယ်တရားရုံး (စည်ပင်သာယာ) အမှတ် (၂) လသာမြို့နယ် မှ ဒဏ်ကြေးငွေကျပ် (၃)သိန်း ပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။ ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း ဆက်လက်ဆောင်ရွက်နေကြောင်းတွေ့ရှိရသဖြင့် ဂရန်ပယ်ဖျက် ခဲ့ပြီး ဖြစ်ပါသည်။" ဟု ဖြေကြားထားသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment