မြေငလျင်ကြီးမားစွာလှုပ်ခတ်မည်ဖြစ်ကြောင်း Tiktok အကောင့်မှတစ်ဆင့် မဟုတ်မမှန် သတင်းအမှားဖြန့်ဝေခဲ့သူ John(Palmistry)အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေငလျင်ကြီးမားစွာလှုပ်ခတ်မည်ဖြစ်ကြောင်း Tiktok အကောင့်မှတစ်ဆင့် မဟုတ်မမှန် သတင်းအမှားဖြန့်ဝေခဲ့သူ John(Palmistry)အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဖမ်းဆီးရမိ







နေပြည်တော်၊ ဧပြီလ ၂၃

၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၁ ရက်တွင် မြေငလျင်ကြီးမားစွာလှုပ်ခတ်မည်ဟု Tiktok အကောင့်မှ တစ်ဆင့် မဟုတ်မမှန်သတင်းအမှားဖြန့်ဝေနေကြောင်းသတင်းအရ ဧပြီလ ၂၂ ရက် ၁၀၀၀ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မုံရွာမြို့၊ မြဝတီရပ်ကွက်၊ တိုးချဲ့ကွက်သစ်ရပ်၊ နယ်မြေ(၂၁)၊ ရွှေညောင်ပင် လမ်းရှိ နေအိမ်သို့ သွားရောက်ရှာဖွေခဲ့ရာ တရားခံ John(Palmistry) အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံအား စိစစ်ဖော်ထုတ်ချက်အရ ၎င်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း မုံရွာမြို့ပေါ်၌ပြုလုပ်သည့် ဆန္ဒပြပွဲများတွင် ၂၀ ကြိမ်ခန့်လိုက်ပါ ဆောင်ရွက်ခဲ့ သဖြင့် မုံရွာနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခဲ့သော်လည်း အသက်မပြည့်သူ ကလေးသူငယ်ဖြစ်သဖြင့် မိဘအုပ်ထိန်းမှုအောက်တွင် ကောင်းမွန်စွာနေထိုင်ရန် မုံရွာခရိုင်တရားရုံးမှ အမိန့်ချမှတ်ခြင်းခံခဲ့ရသူဖြစ်ကြောင်း သိရှိရပါသည်။

၎င်းအပြင် ၂၀၂၁ ခုနှစ်၊ မေလ ၂၈ ရက်တွင် ကော့ကရိတ်မြို့မှတစ်ဆင့် KNDO တပ်ရင်း(၆)သို့ သွားရောက်ခဲ့ပြီး အဆိုပါ KNDO တပ်ရင်း(၆)၌ ဖွင့်လှစ်သည့် အကြမ်းဖက်သင်တန်းအား သင်တန်းသား ၇၅ ဦးနှင့်အတူ တက်ရောက်ခဲ့ကြောင်း၊ ၎င်းနောက် အကြမ်းဖက်အဖွဲ့အစည်းများ အတွက် အွန်လိုင်းမှ တစ်ဆင့် အလှူငွေများ ကောက်ခံထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ တတိယပတ်ခန့်တွင် မုံရွာမြို့သို့ ပြန်လည်ရောက်ရှိနေထိုင်စဉ် အောက်တိုဘာလ ၃၀ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ ရကြောင်း၊ ၎င်းနောက် နိုဝင်ဘာလ ၁၄ ရက်တွင် မုံရွာမြို့၊ အမှတ်(၁)ရဲစခန်း၌ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)/၅၂(က)တို့ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး မုံရွာခရိုင်တရားရုံးမှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည့်အတွက် မန္တလေးမြို့ရှိ လူငယ် ထိန်းသိမ်းရေးသင်တန်းကျောင်း၌ ထိန်းသိမ်းစောင့်ရှောက်ခြင်းခံခဲ့ရကာ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရှိရပါသည်။

ဂျွန်မိုးသဲအနေဖြင့် ထောင်မှလွတ်မြောက်ပြီးနောက် ဗေဒင်လက္ခဏာပညာအား အသုံးချ၍ ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် Johnmoe5.t အမည်ဖြင့် Tiktok အကောင့်ဖွင့်လှစ်ကာ အကြမ်းဖက်အဖွဲ့အစည်းများနှင့်ပတ်သက်သည့် Post များအားလည်းကောင်း၊ မြေငလျင်နှင့်ပတ်သက်သည့် Post များအားလည်းကောင်း အများပြည်သူ အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ မဟုတ်မမှန်ရေးသားဖော်ပြခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် ၎င်းအား ဥပဒေအရထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ပြီး နောင်အလားတူ မဟုတ်မမှန်သတင်း အမှားများ ရေးသားဖြန့်ဝေသူများကိုလည်း စိစစ်ဖော်ထုတ်၍ ထိထိရောက်ရောက်အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့်လည်း သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ သတင်း အတုသတင်းအမှားများကို မသမာသူများမှ ဖြန့်ဝေရေးသားဖော်ပြလျက်ရှိသဖြင့် ယုံကြည်မှုမရှိရန် နှင့်သဘာဝဘေးအန္တရာယ် နှင့်ပတ်သက်သည့်သတင်းများအား သက်ဆိုင်ရာမိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ တိကျစွာထုတ်ပြန်ပေးလျက်ရှိကြောင်း အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)