ဧပြီ - ၁၂ ( စနေနေ့ )
ယခုနှစ်အစောပိုင်းက အငြင်းပွားဖွယ်တရားမဝင် ကမ်းလှမ်းမှုခံခဲ့ရသော ရိုမေးနီးယားသမ္မတလောင်း ကာလင်း ဂျော့ဂျ်စကူ က နေတိုးသည် “ဒုတိယကမ္ဘာစစ်ကို ရိုမေးနီးယားကနေ စတင်ဖို့ကြိုးစားနေတယ်” လို့ အခိုင်အမာ ဆိုခဲ့ပါတယ်။ အမေရိကန် သတင်းထောက် တက်ကာကာလ်ဆင် နှင့် တွေ့ဆုံမေးမြန်းခန်းတွင် သူ့အနေနဲ့ ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ ရပ်တည်ချက်ကပဲ သူ့ကို သမ္မတ ရွေးကောက်ပွဲ ဝင်ရန် တားမြစ်ခံရသည့် အဓိက အကြောင်းရင်းတွေထဲက တစ်ခုဖြစ်တယ် လို့ပြောသွားပါတယ်။
နေတိုး၊ အီးယူနှင့် ယူကရိန်းကို အနောက်နိုင်ငံများ၏ ထောက်ခံအားပေးမှု ရှိတဲ့ ဂျော့ဂျ်စကူက နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲမှာ ပထမအကျော့မှာပဲ မဲ ၂၃ ရာခိုင်နှုန်းဖြင့် အံ့အားသင့်စွာ အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့ ၎င်း၏မဲဆွယ်စည်းရုံးမှုတွင် "မသမာမှုများ" ရှိတယ်ဆိုပြီး နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ၎င်း၏ရာထူးအတွက် အရွေးခံခွင့်ကို ရုတ်သိမ်းခဲ့ပါတယ်။
ရိုမေးနီးယားသမ္မတလောင်း က နေတိုးသည် “ရိုမေးနီးယားမှ…တတိယ ကမ္ဘာစစ်ကို စတင်ရန် ဆန္ဒရှိနေတယ်” ဟု စွပ်စွဲခဲ့ပါတယ်။ “နေတိုး၏အကြီးဆုံးစစ်အခြေစိုက်စခန်းသည် ရိုမေးနီးယားတွင်ရှိသည်” ဟူသောအချက်ကို ၎င်းက ကိုးကားဖော်ပြပြီး ၎င်း၏နိုင်ငံသည် ယူကရိန်းနှင့် ဆက်စပ်နေသည့် ၃၈၀ မိုင် (၆၁၂ ကီလိုမီတာ) ရှည်လျားသော နယ်စပ်မျဉ်းကို ကိုးကားဖော်ပြခဲ့ပါတယ်။ “ဒီလိုအခြေအနေမျိုးမှာ ရိုမေးနီးယားဟာ စစ်ပွဲဆင်နွှဲဖို့အတွက် ပြင်သစ်သမ္မတ အမ္မန်နျူရာယ်မာခရွန် နဲ့ ဥရောပသမဂ္ဂ အတွက် အကြီးမားဆုံး ပိုင်ဆိုင်မှုပါပဲ” လို့ ဂျော့ဂျ်စကူက ပြောပါတယ်။
“သူတို့က နေတိုးကို ထိုးစစ်ဆင်တဲ့ အင်အားစုအဖြစ် ပြောင်းလဲလိုနေပြီး “စစ်ပွဲဖြစ်ဖို့ အတွက် တွန်းအားပေးနေတယ်” ဟု ၎င်းက စွပ်စွဲကာ “ကျွန်ုပ်၏ ရပ်တည်ချက်သည် ၎င်းတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သည်” ဟု ၎င်းက ပြောကြားခဲ့ပါတယ်။ ဂျော့ဂျ်ဟစကူ ရဲ့ အဆိုအရ "ကျွန်ုပ်၏ လှုပ်ရှားမှုအားလုံးသည် ငြိမ်းချမ်းရေးကို အာရုံစိုက်ခြင်းဖြစ်ပါတယ်။ ရိုမေးနီးယားလူမျိုး အများစုက မည်သည့်စွက်ဖက်မှုနှင့် စစ်ပွဲတွင်မဆို ပါဝင်မှုကို ဆန့်ကျင်သည့် အနေအထားရှိပါတယ်” ဟု ဆက်လက်ပြောခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment