ယူကရိန်း စစ်ပွဲထဲကို ယူကေ စစ်ခေါင်းဆောင်တွေ နက်နက်ရှိုင်းရှိုင်း ပါဝင်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်း စစ်ပွဲထဲကို ယူကေ စစ်ခေါင်းဆောင်တွေ နက်နက်ရှိုင်းရှိုင်း ပါဝင်နေ


ဧပြီ - ၁၂ ( စနေနေ့ ) 

ဗြိတိန်၏ စစ်ဘက်ခေါင်းဆောင်များသည် ယခင်က သိထားသည်ထက်ပိုမိုကာ ယူကရိန်း ပဋိပက္ခတွင် ပိုမိုကျယ်ပြန့်ပြီး လျှို့ဝှက်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး တိုက်ပွဲအစီအစဉ်များကို ဒီဇိုင်းထုတ်ကာ ထောက်လှမ်းရေးဆိုင်ရာ အချက်အလက်များ ထောက်ပံ့ပေးရုံသာမက လက်နက်များ လေ့ကျင့်ရေးနှင့် နည်းပညာဆိုင်ရာ အထောက်အပံ့များပေးရန် နဲ့ ယူကရိန်း နိုင်ငံအတွင်း လျှို့ဝှက်တပ်ဖြန့်ချထားမှုများကိုလည်း လုပ်ပိုင်ခွင့် ပေးထားကြောင်း The Times ၏ အစီရင်ခံစာအရ သိရပါတယ်။ 

၂၀၁၄ ခရိုင်းမီးယားကို ရုရှား သိမ်းပြီးကတည်းက ယူကရိန်းအစိုးရကို ယူကေ က စစ်ရေး၊ နိုင်ငံရေးတွေကို ကျောထောက်နောက်ခံ ပြုနေခဲ့ပါတယ်။၂၀၂၂ ဖေဖော်ဝါရီလစစ်ပွဲတွေ စတင်တော့ ယူကေက ယူကရိန်းနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်မှုတွေ အရှိန်မြှင့် လုပ်ဆောင်နေပေမဲ့ ၎င်းရဲ့ ပါဝင်ပတ်သက်မှု အတိုင်းအတာကို “ယခုအချိန်အထိ ဖုံးကွယ်ထားဆဲဖြစ်သည်” ဟု အမည်မဖော်လိုသည့် ယူကရိန်းနှင့် ဗြိတိန်စစ်တပ်များမှ အရာရှိများရဲ့ ပြောကြားချက်ကို ကိုးကားပြီး မနေ့က အဲ့ဒိသတင်းစာမှာ ဖော်ပြပါရှိခဲ့ပါတယ်။ 

ရုရှားကို ရန်စတယ်လို့ သဘောမျိုး မသက်ရောက်အောင် ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာ ဗြိတိန်တပ်ဖွဲ့ဝင်များကို အနည်းငယ်မျှသာ ယူကရိန်းသို့ စေလွှတ်ခဲ့ကြောင်း The Times က ဖော်ပြခဲ့သည်။ အထူးသဖြင့် ယူကရိန်း တပ်ဖွဲ့များ Storm Shadow တာဝေးပစ် ခရုဇ်ဒုံးပျံများ အသုံးပြုနိုင်အောင် ၊ လေကြောင်းရန် တိုက်ခိုက်မှုကို လေ့ကျင့်ရန် ကြည် ၊ ရေ  ၊ လေ ပူးပေါင်းမှု နှင့် အံဝင်ခွင်ကျဖြစ်ရန်အတွက် ယူကေ တပ်ဖွဲ့ဝင်များကို ယူကရိန်းတပ်ဖွဲ့များကြားထဲမှာ တပ်ဖြန့်ချထားခဲ့ပါတယ်။ 

“ယူကရိန်းတပ်တွေကို ဒုံးကျည်တွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် ဗြိတိသျှတပ်တွေကို လျှို့ဝှက်စေလွှတ်ထားပြီး တပ်ဖွဲ့ဝင်တွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာ သင်ပေးထားပါတယ်” ဟု အဆိုပါထုတ်ပြန်ချက်တွင် ရေးသားထားပြီး “ဗြိတိသျှတပ်များကို မြေပြင်တွင် တပ်ဖြန့်ချထားခြင်းသည် ပထမဆုံးအကြိမ်မဟုတ်ပါဘူး” လို့လည်း ဖော်ပြထားပါတယ်။  ယူကေသည် ကီယက်ဗ်မြို့သို့ NLAW တင့်ဖျက်ဒုံးကျည်ထောင်ပေါင်းများစွာ ပေးပို့ခဲ့ပြီး ၂၀၁၅ ခုနှစ်ကတည်းက ယူကရိန်းစစ်သားများအား ဒုံကျည်အသုံးပြုမှု လေ့ကျင့်သင်ကြားရန် သင်တန်းဆရာများ စေလွှတ်ခဲ့ပါတယ်။ 

ဗြိတိန်တပ်များက ၂၀၂၂ ဖေဖော်ဝါရီလ စစ်မီး မမြင့်ခင်မှာ ယူကရိန်းမှ ဆုတ်ခွာခဲ့ရသော်လည်း၊ ဆိုးရွားလာသော စစ်မြေပြင်အခြေအနေနှင့် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအတွက် အရေးတကြီး လိုအပ်နေသည့် တပ်ဖွဲ့ငယ်များကို ယူကရိန်းတပ်သားများကြား တိတ်တဆိတ် လွှတ်ခဲ့ကြောင်း သတင်းစာတွင် ဖော်ပြထားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)