စစ်ကိုင်း၊ ဧပြီ ၁၂
စစ်ကိုင်းတောင်ရိုး၊ သဘာဝဘေးဒဏ်ကြောင့်ပျက်စီးသွားသော ဆွမ်းဦးပုညရှင်စေတီတော်ကြီးပြုပြင်မွမ်းမံရန် ကရင်ပြည်နယ်မှ အလှူရှင်များက ၁၂.၄.၂၀၂၅ ညနေပိုင်းတွင် သီတဂူဆရာတော်ကြီးထံ ငွေကျပ် သိန်း(၈၀၀) လှူဒါန်းခဲ့ကြောင်း သိရသည်။
သီတဂူအဓိပတိဆရာတော် ဘုရားကြီးကို အမှူးထား၍ ဘားအံသုစိတ္တာရာမတောရကျောင်း ဆရာတော်ဦးဆောင်သော ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ သံဃနယကအဖွဲ့ဦးဆောင်ကာ ကျောင်းထိုင်ဆရာတော်များနှင့် ဒကာ၊ ဒကာမများမှ အလှူငွေကျပ်သိန်း(၅၀၀)နှင့် သီတဂူအဓိပတိဆရာတော်ဘုရားကြီးကို အမှူးထား၍
ဘားအံသုစိတ္တာရာမတောရကျောင်းဆရာတော်ဦးဆောင်သော ပတွန်ပါရမီဆဆုံးခလိအဖွဲ့နှင့် ကရင်ပြည်နယ်အတွင်းရှိ ဆရာတော်များနှင့် ဒကာ၊ ဒကာမများ၊ ပြည်တွင်း ပြည်ပ ပရဟိတလူငယ်များမှ စုပေါင်းကာ- အလှူငွေကျပ် သိန်း(၃၀၀) စုစုပေါင်း ကျပ်သိန်း(၈၀၀)ကို အလှူတော်ကို လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
ဆွမ်းဦးပုညရှင်စေတီတော်ကြီးကို သီတဂူဆရာတော်ကြီး က ပြုပြင်မွမ်းမံရန် စီမံဆောင်ရွက်နေဖြင်းဖြစ်သည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment