မန္တလေး၊ ဧပြီ ၁၂
ငလျင်ဘေးဒဏ် ဆိုးရွားစွာ ခံခဲ့ရသည့် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မှ နာယကဆရာတော်များ ယနေ့ အစည်းအဝေးကျင်းပပြီး ကျောင်းဆောင်များ ကြံ့ခိုင်မှု စစ်ဆေးပြီး ဝါဆိုအမီ အမြန်ဆုံးပြုပြင်သွားရန် ဆုံးဖြတ်ခဲ့ကြောင်းကြောင်း သိရသည်။
နာယကဆရာတော်ကြီးများ အစည်းအဝေးမှ -
(၁) နာယကအဖွဲ့နှင့် အင်ဂျင်နီယာများ ကော်မတီ ဖွဲ့၍ ကျောင်းဆောင်များအားလုံး ကြံ့ခိုင်မှု စစ်ဆေးရန်၊
(၂) စစ်ဆေးတွေ့ရှိပေါ် ပြုပြင်ရမည့် ကျောင်းဆောင်များကို ဝါဆိုအမီ အမြန်ဆုံး ပြုပြင်ဆောင်ရွက်သွားရန်၊
(၃) ပြုပြင်ရာ၌ မူလအလှူရှင်များ အခက်အခဲရှိလျှင် အများလှူဒါန်း ထောက်ပံ့ငွေဖြင့် ပြုပြင်ရန်၊
(၄) နာယကဆရာတော်များအတွက် ယာယီကျောင်းငယ်များ အမြန်ဆုံး ဆောက်လုပ်သွားရန်၊
(၅) လက်ရှိ သံဃာများအတွက် ဒိုင်းဝန်မင်းကျောင်းတိုက်အတွင်း သင့်လျော်သည့် မြေနေရာ၌ ယာယီတဲရှည်ကြီးများ ဆောက်လုပ်ပေးရန်၊
(၆) လက်ရှိသံဃာ (၃၀၀)ကျော်တို့အတွက် နာယကအဖွဲ့က ဆွမ်းကိစ္စ စီမံပေးရန်၊
(၇)ပျံလွန်/ ထိခိုက် ဒဏ်ရာရ ရဟန်းတော်များအား အလှူငွေ ရရှိမှုအပေါ်ကြည့်၍ စွမ်းနိုင်သလောက် ဆက်လက် ထောက်ပံ့ လှူဒါန်းပေရန် ကိစ္စတို့ကို ဆွေးနွေး တိုင်ပင်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment