မိတ္ထီလာအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား အကျဉ်းသူ ၆၀ ဦးအား လွှတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား အကျဉ်းသူ ၆၀ ဦးအား လွှတ်ပေး



မိတ္ထီလာ၊ ဧပြီလ ၁၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် အကျဉ်းဦးစီးဌာနမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် အကျဉ်းသား အကျဉ်းသူ ၆၀ ဦးကို ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်က နန်းတော်ကုန်းရပ်ကွက်ရှိ အကျဉ်းထောင်မှ လွှတ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အေးမင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး မိတ္ထီလာခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းကျော်နှင့် မိတ္ထီလာအကျဉ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောဘောနီတို့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၃၁/၂၀၂၅ ဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁)အရ အကျဉ်းသားများအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်မည့် အကျဉ်းသား အကျဉ်းသူများအား မိတ္ထီလာအကျဉ်းဦးစီးဌာနဧည့်ရိပ်သာတွင် ဆုံးမသြဝါဒစကားများ ပြောကြားခဲ့ပြီး အကျဉ်းသား အကျဉ်းသူများအား ထောင်လွှတ်လက်မှတ်များနှင့် ခရီးစရိတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် မိတ္ထီလာမြို့နယ်အကျဉ်းဦးစီးဌာနရှိ အကျဉ်းထောင်မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၃၁/၂၀၂၅ ဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁)အရ အကျဉ်းသားများအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်မည့် အကျဉ်းသား ၄၈ ဦးနှင့် အကျဉ်းသူ ၁၂ ဦးတို့အား လွှတ်ပေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်
#news

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)