မိုးညှင်းဗဟိုအကျဉ်းထောင်၌ အကျဉ်းသား အကျဉ်းသူ (၂၀) ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းဗဟိုအကျဉ်းထောင်၌ အကျဉ်းသား အကျဉ်းသူ (၂၀) ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိ


မိုးညှင်း၊ ဧပြီ ၁၇

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းဗဟိုအကျဉ်းထောင်တွင် အကျဉ်းသားအကျဉ်းသူ (၂၀) ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုအခမ်းအနားကို ယနေ့ (မြန်မာနှစ်ဆန်းတစ်ရက်) နေ့ မွန်းတည့် (၁၂) နာရီက မိုးညှင်းဗဟိုအကျဉ်းထောင်အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့် အကျဉ်းသားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ် (၃၁/၂၀၂၅) အရ ရာဇဝတ်ကျင့်ထုံး ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည့် အကျဉ်းသားအကျဉ်းသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်နှင့် အဖွဲ့ဝင်များ၊ မိုးညှင်းဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိ ဦးသန့်ဇင်ဝင်းနှင့် တာဝန်ရှိသူများက လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးသည့် ရည်ရွယ်ချက်များနှင့် မိမိတို့ရပ်ရွာအကျိုးကို အများနည်းတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး ဆက်လက်နေထိုင်ကြစေရေး စသည်တို့ကို ဆုံးမဩဝါဒစကားများ အသီးသီးပြောကြားခဲ့သည်။

ထို့နောက် လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည့် အကျဉ်းသား (၁၉) ဦးနှင့် အကျဉ်းသူ (၁) ဦး စုစုပေါင်း (၂၀) ဦးအား ရာဇဝတ်ကျင့်ထုံး ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁) အရ ခံဝန်လက်မှတ်ရေးထိုးခြင်း၊ လွတ်ငြိမ်းခွင့်လက်မှတ်ပေးအပ်ခြင်း၊ မိုးညှင်းဗဟိုအကျဉ်းထောင်မှ ခရီးစရိတ်နှင့် စားစရိတ်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ပြီးနောက် မိမိဒေသသို့ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ရွှေမိုးညှင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)