ဧပြီ - ၃၀ ( ဗုဒ္ဓဟူးနေ့ )
အမေရိကန်ပြည်ထောင်စုသည် ၎င်း၏လုံခြုံရေး ကတိကဝတ်များမှ တဖြည်းဖြည်း နောက်ပြန်ဆုတ်သွားခြင်း ကြောင့် ဥရောပသမဂ္ဂသည် ၎င်း၏ကိုယ်ပိုင်ကာကွယ်ရေးအတွက် ကိုယ်တိုင် တာဝန်ယူရန် ပြင်ဆင်ထားရမည် ဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်း က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တင်းမာမှုများ တိုးလာနေသည့်ကြားတွင် အီးယူ အနေဖြင့် ၎င်း၏ စစ်ရေးစွမ်းရည်ကို အားကောင်းစေသင့်ကြောင်း သူမ၏ မှတ်ချက်စကားက အချက်ပြခဲ့သည်။
"ရုရှားရဲ့ခြိမ်းခြောက်မှုက ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး၊ ပြီးတော့ အမေရိကန်ရဲ့ အာရုံစိုက်မှုက တခြားဒေသတွေဆီ ဦးတည်ရွေ့လျားသွားနေတာကို ကျမတို့ သိလာရပါပြီ။ ဒါကြောင့် ဥရောပမှာ ငြိမ်းချမ်းရေးအတွက် ကျမတို့က ကိုယ့်ကာကွယ်ရေးအတွက် ပိုပြီးတာဝန်ယူဖို့ လိုအပ်ပါတယ်" ဟု ဗလင်စီယာတွင် ပြုလုပ်သော ဥရောပပြည်သူ့ပါတီကွန်ဂရက်တွင် မနေ့က မိန့်ခွန်း ပြောကြားခဲ့သည်။
အီးယူအဖွဲ့ဝင်နိုင်ငံအများအပြားသည် အမေရိကန်ဦးဆောင်သော လုံခြုံရေးအစီအစဉ်များအပေါ် မှီခိုအားထားမှုကို လျှော့ချရန် နည်းလမ်းများရှာဖွေနေသောကြောင့် အီးယူအား ပြန်လည်ပြင်ဆင်ရန်အတွက် ယူရို ၈၀၀ ဘီလီယံ (ဒေါ်လာ ၉၁၀ ဘီလီယံ) မြှင့်တင်ရန် မတ်လအတွင်းက ဗွန်ဒါလီယန်းရဲ့ အစီအစဉ်ကို ထုတ်ဖော်ခဲ့သည်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment