(၂၇၀) ကြိမ်မြောက် ဓမ္မစကူးလ်ဖောင်ဒေးရှင်း အလယ်တန်းအဆင့် ဆရာဖြစ်သင်တန်းဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၇၀) ကြိမ်မြောက် ဓမ္မစကူးလ်ဖောင်ဒေးရှင်း အလယ်တန်းအဆင့် ဆရာဖြစ်သင်တန်းဖွင့်





ဘားအံ၊ ဧပြီ ၁၈

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ်ဓမ္မစကူးလ်ကော်မတီတို့က ကြီးမှူးကျင်းပသော (၂၇၀) ကြိမ်မြောက် ဓမ္မစကူးလ်ဖောင်ဒေးရှင်း အလယ်တန်းအဆင့် ဆရာဖြစ်သင်တန်းကို ယနေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ် (၁) ရပ်ကွက်၊ သရက်တောကျောင်းတိုက်၌ ခရိုင်၊ မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ ၄၇ ဦးဖြင့် ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ကရင်ပြည်နယ်ဓမ္မစကူးလ်ကော်မတီနာယက ခေမာရာမကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တသောပါကအမှူးပြုသော ဆရာတော်ကြီးများ၊ ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဓမ္မစကူးလ်ကော်မတီမှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ကရင်ပြည်နယ်ဓမ္မစကူးလ်ကော်မတီနာယက ခေမာရာမကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တသောပါကထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီး၏ ဩဝါဒကထာကို နာယူကြည်ညိုကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး ပြည်နယ်ဝန်ကြီးချုပ်က (၂၇၀) ကြိမ်မြောက် ဓမ္မစကူးလ်ဖောင်ဒေးရှင်းအလယ်တန်းအဆင့် ဆရာဖြစ်သင်တန်းအတွက် ငွေကျပ် ၇၂ သိန်းကို ပြည်နယ်ဓမ္မစကူးလ်ကော်မတီဘဏ္ဍာရေးမှူးထံ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့သည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ကရင်ပြည်နယ်ဓမ္မစကူးလ်ကော်မတီနာယက ခေမာရာမကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တသောပါကထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကာ အဆိုပါသင်တန်းကို ဧပြီလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)