တရုတ်က ရေနံစိမ်းကို အမေရိကန်ဆီက မဝယ်တော့ဘဲ ကနေဒါဆီကနေ ပြောင်းဝယ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တရုတ်က ရေနံစိမ်းကို အမေရိကန်ဆီက မဝယ်တော့ဘဲ ကနေဒါဆီကနေ ပြောင်းဝယ်


ဧပြီ - ၁၈ ( သောကြာနေ့ ) 

ဝါရှင်တန်အစိုးရနှင့် ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်နိုင်ငံသည် ကနေဒါမှ ရေနံစိမ်းပမာဏတော်တော် များများကို  စံချိန်တင် တင်သွင်းနေပြီး အမေရိကန်ထံမှ ဝယ်ယူမှုကို သိသိသာသာ လျှော့ချနေကြောင်း ဘလွန်းဘာဂ် သတင်းဌာန က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့ပါတယ်။ 

ဝါရှင်တန်နှင့် ပေကျင်းတို့သည် လွန်ခဲ့သည့် နှစ်လအတွင်း အပြန်အလှန်အကောက်ခွန် တိုးမြှင့်မှု ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး ယင်းနောက်တွင် အမေရိကန်ဆီမှ ရေနံဝယ်ယူမှုကို  ၉၀% နီးပါး လျှော့ချ လိုက်ကြောင်း သိရပါတယ်။ တရုတ်သည် ယခင်က အမေရိကန် ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် တိုးမြှင့်ခြင်းအား အကောင်အထည်ဖော်မည် မဟုတ်သော်လည်း လက်တုံ့ပြန်ရန် အခြားနည်းလမ်းများကို အသုံးချကာ ပိုမိုကောင်းမွန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကနေဒါနိုင်ငံ၏ ပစိဖိတ်ကမ်းရိုးတန်းရှိ ဗန်ကူဗား  အနီးရှိ ဆိပ်ကမ်းတစ်ခုမှ တရုတ်နိုင်ငံသို့ ရေနံစိမ်း တင်သွင်းမှုသည် မတ်လတွင် စံချိန်တင် စည် ၇.၃ သန်းအထိ မြင့်တက်ခဲ့ပြီး ယခုလအတွင်း ဝယ်ယူမှုက ယခင်လက ကိန်းဂဏန်းထက် ကျော်လွန်သွားနိုင်ကြောင်း လန်ဒန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီ Vortexa ကုမ္ပဏီ ၏ အချက်အလက်ကို ကိုးကား၍ ဘလွန်းဘာ့ဂ်က ဖော်ပြခဲ့တာပါ။ တရုတ်ကို အမေရိကန်ရေနံတင်သွင်းမှုက ပြီးခဲ့တဲ့ ဇွန်လမှာ တစ်လလျှင် စည်ပေါင်း၂၉ သန်း တင်သွင်းနေရာကနေ  ၃ သန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ 

တရုတ်က ပြည်တွင်းသုံးဖို့အတွက် ရေနံစိမ်းကို အရှေ့အလယ်ပိုင်းကနေ အဓိကထားပြီး ဝယ်တာပါ။ အမေရိကန်ဆီကနေ တစ်နိုင်ငံလုံး သုံးတဲ့ ပမာဏရဲ့ ၂ % လောက်ပဲ ဝယ်ပါတယ်။ တရုတ်ရေနံချက်စက်ရုံတွေက အမေရိကန် နဲ့ ကနေဒါတို့ ဆီကဝယ်တဲ့ ရေနံစိမ်းတွေကို ချက်ပြီးတော့ အာရှနိုင်ငံတွေကို ပြန်ရောင်းတာပါ။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)