ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲ ကျင်းပ



ဘားအံ  ,  ဧပြီ ၁၃

ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲကို ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ပညာခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အင်္ဂလိပ်စာအခြေခံခိုင်မာပြီး ကျွမ်းကျင်စွာ တတ်မြောက်အသုံးပြုနိုင်ရန် ဦးတည်ချက်ထားပြီး ဘာသာစကားစွမ်းရည်လေးရပ်ဖြစ်သော အပြောစွမ်းရည်၊ အကြားစွမ်းရည်၊ အဖတ်စွမ်းရည်၊ အရေးအသားစွမ်းရည် တိုးတက်စေရေးကို မဏ္ဍိုင်ပြုဆောင်ရွက်ခဲ့ရာ သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများအနေဖြင့် နောင်အနာဂတ်နိုင်ငံတော်အတွက် အသုံးကျပြီး နှလုံးလှသည့်လူကောင်း၊ လူတော်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အထက်တန်းထက်ဆင့်နှင့်အောက်ဆင့်၊ အလယ်တန်းအထက်ဆင့်နှင့်အောက်ဆင့်၊ မူလတန်းအထက်ဆင့်နှင့် အောက်ဆင့်တို့တွင် ထူးချွန်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများကို သင်တန်းထူးချွန်ဂုဏ်ပြုဆုများ၊ သင်တန်းနည်းပြများအား ဂုဏ်ပြုလက်မှတ်များနှင့် သင်တန်းဆင်းလက်မှတ်များကို ချီးမြှင့်ပေးအပ်ကြရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်းနှင့် ယနေ့သင်တန်းဆင်းပွဲတွင် ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၂၅၆ ဦး သင်တန်းဆင်းခဲ့ကြကြောင်း သတင်းရရှိသည်။


စောမျိုးမင်းသိန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)