ငလျင်ဒဏ်သင့်ခဲ့ရသည့် သာသနိကနှင့်ဘာသာရေးဆိုင်ရာအဆောက်ဦများ၊ ပညာရေး၊ကျန်းမာရေးနှင့် အများနှင့်သက်ဆိုင်သောအဆောက်အဦများအား အဆောက်အဦတစ်ခုချင်းအလိုက် တာဝန်ယူ၍ ပြုပြင်မွမ်းမံအသစ်တည်ဆောက် လှူဒါန်းလိုသူများအနေဖြင့် ပါဝင်လှူဒါန်းနိုင် - Myanmar National Post

Myanmar National Post

News Agency

Breaking

ငလျင်ဒဏ်သင့်ခဲ့ရသည့် သာသနိကနှင့်ဘာသာရေးဆိုင်ရာအဆောက်ဦများ၊ ပညာရေး၊ကျန်းမာရေးနှင့် အများနှင့်သက်ဆိုင်သောအဆောက်အဦများအား အဆောက်အဦတစ်ခုချင်းအလိုက် တာဝန်ယူ၍ ပြုပြင်မွမ်းမံအသစ်တည်ဆောက် လှူဒါန်းလိုသူများအနေဖြင့် ပါဝင်လှူဒါန်းနိုင်


နေပြည်တော်၊ ဧပြီ ၆

၂၈-၃-၂၀၂၅ ရက်နေ့တွင် မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၂၁ ကီလို မီတာကွာဝေးသည့် မြန်မာနိုင်ငံပြည်တွင်း အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် သာသနိကနှင့် ဘာသာရေးဆိုင်ရာအဆောက်ဦများ၊ ပညာရေး၊ ကျန်းမာရေးစသည့် အများနှင့်သက်ဆိုင်သော အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည်။

အဆိုပါ အဆောက်အဦများအနက် အဆောက်အဦတစ်ခုချင်းအလိုက် တာဝန်ယူ၍ ပြုပြင်မွမ်းမံ အသစ်တည်ဆောက်လှူဒါန်းလိုသူများအနေဖြင့်   တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက် ဖြစ်စေ ရာသက်ပန်ကမ္ဗည်းထိုး၍ ပါဝင်လှူဒါန်းနိုင်ပါကြောင်းနှင့် လှူဒါန်းလိုသူများအနေဖြင့် သက်ဆိုင်ရာဌာနများသို့လည်းကောင်း၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီမှဖော်ပြထားသည့် ပုဂ္ဂိုလ်များထံသို့လည်းကောင်း ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)