နတ်မောက်၊ ဧပြီ ၁၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ရတနသုတ်ပရိတ်တော် ရွတ်ဖတ်ပူဇော်ခြင်းကို ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများတွင် ညစဉ် (၇)နာရီတိုင်း ရွတ်ဖက်ပူဇော်လျက်ရှိသည်။
နတ်မောက်မြို့နယ်တွင် ရတနသုတ်ပရိတ်တော် ရွတ်ဖတ်ပူဇော်ခြင်းကို ဘုန်းတော်ကြီးကျောင်း (၇)ကျောင်းရှိ ဓမ္မာရုံများတွင် သံဃာတော်များမှ ရွတ်ဖတ်ပူဇော်လျက်ရှိပြီး ဌာနဆိုင်ရာများမှလည်း သက်ဆိုင်ရာဌာနများအလိုက်ဝန်ထမ်းများက ညစဉ်ရွတ်ဖတ်ပူဇော်လျက်ရှိသည်။
ထို့ပြင် မြို့ပေါ် (၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၈၀)အုပ်စုတို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများတွင် ရပ်ကွက်/ကျေးရွာအလိုက် ဝတ်အသင်းများမှ ရတနသုတ်ပရိတ်တော်အား ည(၇)နာရီမှစတင်ကာ (၉)ခေါက်ရွတ်ဖတ်ပူဇော်ခြင်းကို ဧပြီလ(၈)ရက်နေ့က စတင်ရွတ်ဖတ်ပူဇော်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ(၁၆)ရက်နေ့အထိ (၉)ရက်တိုင်တိုင် ညစဉ်ရွတ်ဆိုသွားမည်ဖြစ်ကြောင်းနှင့် ယနေ့ တတိယနေ့ညအဖြစ် ဆက်လက်ရွတ်ဆို ပူဇော်ခြင်းဖြစ်ကြောင်း သိရသည်။
ဥမ္မာခင်
https://t.me/MyanmarNationalPost





No comments:
Post a Comment