အထက်မင်းလှ၊ ဧပြီ ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ၊မင်းလှမြို့နယ်တွင် ရဟန်းရှင်လူပြည်သူအများ သဘာဝဘေး အန္တရာယ်များမှ ကင်းဝေးစေရန်ရည်ရွယ်၍ အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်းကို ဧပြီလ(၈)ရက်နေ့ည(၇)နာရီကမြို့နယ်အတွင်းရှိသာသနာ့ဗိမာန်၊ ရွှေဘုန်းသာဘုရားဓမ္မာရုံ၊ဘုန်းကြီးကျောင်းများ၊ရပ်ကွက်၊ကျေးရွာ ဓမ္မာရုံများနှင့်ဌာနဆိုင်ရာရုံးများ၌ စတင်ရွတ်ဖတ်ပူဇော်ခဲ့ရာ ယနေ့ညတွင် တတိယမြောက်နေ့ဆက်လက်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာကြွရောက်တော်မူကြသော ဆရာတော်၊သံဃာတော်များ၊ ဧည့်ပရိ သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီး လယ်ပြင်ဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော် နှင့် သံဃာတော် များက နိုင်ငံတစ်ဝန်းရှိရဟန်းရှင်လူပြည်သူအများသဘာဝဘေး အန္တရာယ်များမှ ကင်းဝေးစေရန်အတွက် ရတနသုတ်ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သံဃာတော်အရှင်သူမြတ်တို့အား နဝက မ္မဝတ္ထုငွေများနှင့်အချိုရည်များဆက်ကပ်လှူဒါန်းခဲ့သည်။အလားတူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့်ဌာနဆိုင်ရာရုံးများ၊ရပ်ကွက်၊ကျေးရွာများတွင်သဘာဝဘေးအန္တရာယ်ကင်းဝေးစေရေး ရတနသုတ်ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်လျှက်ရှိရာ အဆိုပါပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ခြင်းကို ဧပြီလ(၈)ရက် နေ့မှ(၁၆)ရက် နေ့အထိ ညစဉ်(၇)နာရီအချိန်မှစ၍ (၉)ရက်တိုင်တိုင် ရွတ်ဖတ်ပူ ဇော်မည် ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment