နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်းဘေးပြန်လည်ထူထောင်ရေးအတွက် အလှူငွေ လက်ခံ၊ ဇီဝိတဒါန ငါးလွှတ်ပွဲတက်ရောက်၊ စိုက်ပျိုးရေရရှိရေးဆောင်ရွက်ထားရှိမှု ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်းဘေးပြန်လည်ထူထောင်ရေးအတွက် အလှူငွေ လက်ခံ၊ ဇီဝိတဒါန ငါးလွှတ်ပွဲတက်ရောက်၊ စိုက်ပျိုးရေရရှိရေးဆောင်ရွက်ထားရှိမှု ကွင်းဆင်းကြည့်ရှု





နေပြည်တော် , ဧပြီ ၁၄


နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Lin Myat Pyae Sone Aung Co.Ltd မှ  ငွေကျပ်သိန်း ၅၀၀ အား လာရောက်ပေးအပ်လှူဒါန်းရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့ညနေပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာရှိ ပေါင်းလောင်းချောင်း၌  နေပြည်တော်ကောင်စီမှကျင်းပပြုလုပ်သည့် ဇီဝိတဒါနငါးလွှတ်ပွဲသို့တက်ရောက်ပြီး နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရွှေဝါငါးကြင်းကောင်ရေ ၅၀၀၀ အား ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့ကြသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာသို့ ရောက်ရှိပြီး ရေဆင်းဆည်ရေသောက်စနစ် ကျွန်းရောင်း-အိုင်စောက် မြောင်းတစ်လျှောက် ရေးပေးဝေနေမှုအခြေအနေနှင့် လျှပ်စစ်မြစ်ရေတင်စီမံကိန်း ဆောင်ရွက်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေးခဲ့သည်။


ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျာသီရိမြို့နယ်၊ အောင်ဇေယျကွင်း၊ စနစ်ကျလယ်ယာမြေ ၁၇၂ ဧက ရေသွင်းစိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့်တွေ့ဆုံ၍ သဘာဝမြေသြဇာ ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်ရန်မှာကြားပြီး ထိုမှတစ်ဆင့် အိုင်စောက်ကွင်း ရေဆင်းဆည်ရေသောက် DY-2 လက်တံမြောင်းမကြီး ရေပေးဝေနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူမျာနှင့်တွေ့ဆုံကာ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ တစ်နှစ် သုံးသီးစိုက်ပျိုးနိုင်ရေးမှာကြားပြီး တောင်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ပုဗ္ဗသီရိမြို့နယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)