တပ်ကုန်းမြို့နယ်၌ မန္တလေးမြေငလျင်ကြီးဒဏ်ခံခဲ့ရသည့် လက်ပန်ကျေးရွာတွင် သုံးရေ၊ ဆန်၊ ငွေနှင့် ပစ္စည်းစုံလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

တပ်ကုန်းမြို့နယ်၌ မန္တလေးမြေငလျင်ကြီးဒဏ်ခံခဲ့ရသည့် လက်ပန်ကျေးရွာတွင် သုံးရေ၊ ဆန်၊ ငွေနှင့် ပစ္စည်းစုံလှူဒါန်း

 



တပ်ကုန်း , ဧပြီ ၁၄


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးဒဏ်ခံခဲ့ရသော လက်ပန်ကျေးရွာတွင် သုံးရေအဆင်ပြေစေရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဟိန်းအောင်ကျော်ကြီးကြပ်၍ မီးသတ်ရေသယ်ယာဉ်ဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၊ ကျေးလက်ကျန်းမာရေးဆေးခန်းရှိ အုတ်ရေကန်နှင့်ရေစည်ပိုင် များတွင် ရေများဖြည့်တင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါကျေးရွာတွင် ကင်မွန်းတန်းကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့်စုပေါင်းစေတနာရှင်များက ဆန်ခြောက်အိတ်၊ ငွေသား ၃၅သိန်းနှင့်ပစ္စည်းစုံ၊ အေးချမ်းသာစံပြကျေးရွာအုပ်စုမှ အုပ်ချုပ်ရေး မှူးနှင့်စုပေါင်းစေတနာရှင်များက ဆန်တစ်အိတ်၊ ငွေသား ၃၆သိန်းနှင့်ပစ္စည်းစုံတို့ကို လှူဒါန်းခဲ့ ကြောင်း သိရသည်။


တင်စိုးလွင်


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)