အီရန်နျူ့စက်ရုံတွေကို တိုက်ခိုက်ဖို့ အစ္စရေးရဲ့ အဆိုပြုချက်ကို ထရမ့် ပယ်ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အီရန်နျူ့စက်ရုံတွေကို တိုက်ခိုက်ဖို့ အစ္စရေးရဲ့ အဆိုပြုချက်ကို ထရမ့် ပယ်ချ


ဧပြီ - ၁၇ ( ကြာသပတေးနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်ရန် အစ္စရေး၏ အဆိုပြုချက်ကို ပယ်ချခဲ့ကြောင်း အိမ်ဖြူတော်အရာရှိများ၊ ယင်းကိစ္စနှင့် ရင်းနှီးသော အခြားသူများကို ကိုးကား၍ ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် New York Times က ဖော်ပြခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံ နဲ့စေ့စပ်ညှိနှိုင်းရေး စာချုပ်သစ်ချုပ်ဆိုရန် ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။ 

အစ္စရေးက အီရန်ရဲ့ နျူကလီးယားလက်နက်ထုတ်လုပ်နိုင်စွမ်းကို တစ်နှစ် သို့မဟုတ် ထို့ထက်ပို၍နှောင့်နှေးစေရန် ရည်ရွယ်ပြီး မေလအစောပိုင်းတွင် အီရန်၏နျူကလီးယားစက်ရုံများကို တိုက်ခိုက်မည့်အစီအစဉ်ကို ရေးဆွဲခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုနှင့် ကွန်မန်ဒိုစီးနင်းမှုများကို ပေါင်းစပ်စဉ်းစားပြီးနောက် အစ္စရေးက တစ်ပတ်ကျော်ကြာမြင့်မည့် “ကျယ်ပြန့်သော ဗုံးကြဲတိုက်ခိုက်မှုတစ်ခု” ကို အမေရိကန်အစိုးရအား အဆိုပြုခဲ့ ပါတယ်။ အမေရိကန်အနေနဲ့ အဆိုပါ စစ်ဆင်ရေးကို မီးစိမ်းပြရုံသာမက ၎င်းကို တက်ကြွစွာ ထောက်ခံမယ်လို့ အစ္စရေး တာဝန်ရှိသူများက မျှော်လင့်ထားပါတယ်။ 

ဒါပေမဲ့ ထရမ့်နဲ့ အိမ်ဖြူတော် အရာရှိတွေ ဆွေးနွေးတိုင်ပင်မှုအပြီးမှာတော့ ယခုလအစောပိုင်းတွင် အဆိုပါ အစီအစဉ်ကို ပစ်ပယ်ခဲ့ပါတယ်။ ဒုသမ္မတ ဂျေဒီဗန့်စ် ၊ ကာကွယ်ရေးဝန်ကြီး ပီတီဟဂ်ဆက် ၊ အမျိုးသား ထောက်လှမ်းရေး ဒါရိုက်တာ တော်ဆီဂတ်ဘာဒ်နဲ့  ထိပ်တန်းအုပ်ချုပ်ရေးအရာရှိများက အစ္စရေးကို အဲ့ဒိတိုက်ခိုက်မှု ခွင့်ပြုလိုက်ရင်  ပိုမိုကျယ်ပြန့်သော ပဋိပက္ခဖြစ်မည်ကို စိုးရိမ်တာကြောင့် ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။ 

အီရန်နှင့် အစ္စရေးတို့သည် ယမန်နှစ် ဧပြီလနှင့် အောက်တိုဘာလများတွင် အပြန်အလှန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ဒေသတွင်း ပြိုင်ဘက်များကြား အဆိုးရွားဆုံး တင်းမာမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)