မြန်မာ့နှစ်သစ်ကူးအခါသမယ ထေကြီးဝါကြီး ဆရာတော်ကြီးများက တိုင်းပြည်တည်ငြိမ်အေးချမ်းစေဖို့၊ ပြည်သူများ နှလုံးစိတ်ဝမ်းအေးချမ်းစေဖို့ နှစ်သစ်ဆုတောင်းစကားတွေ ပြောကြပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များကလည်း တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိဖို့ ဆောင်ရွက်နေခြင်းဖြစ်တဲ့အတွက် ပြည်သူအားလုံးပူးပေါင်းဆောင်ရွက်ကြဖို့ ပြောဆိုပါတယ်။
တမူးထူးခြားနေတာကတော့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ငန်းတွေကို စဉ်ဆက်မပြတ် လုပ်ခဲ့တဲ့ NUG အကြမ်းဖက်အဖွဲ့က နှစ်သစ်ကူးအခါသမယမှာ ပြည်သူလူထုကို ခြိမ်းခြောက်တဲ့ အနေနဲ့ အထွေထွေထိုးစစ်ကြီး ဆင်နွှဲရန် ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ပြောဆိုလာပါတယ်။ NUG အကြမ်းဖက်အဖွဲ့က ရည်မွန်ရဲ့ ပြောဆိုချက်ကို အကြမ်းဖက်လှုံ့ဆော် မီဒီယာတွေဖြစ်တဲ့ ခေတ်သစ်၊ မစ္ဇျိမတို့မှ ဝေဝေဆာဆာ ချဲ့ကားရေးသားထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
အထွေထွေထိုးစစ်ကြီးဆင်နွှဲရန်အတွက် NUG အကြမ်းဖက်အဖွဲ့က သူတို့ရဲ့ မဟာမိတ်တွေ ဖြစ်တဲ့ ပြည်ပအထောက်အပံ့ကို ဝေစားမျှစား မျှဝေစားသုံးနေကြတဲ့ လက်နက်ကိုင်သောင်းကျန်းသူများနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းပြင်ဆင်နေတဲ့ သဘောမျိုး ပြောဆိုလာခြင်းဖြစ်ပါတယ်။
ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ NUG အကြမ်းဖက်အဖွဲ့အနေနဲ့ ၅နှစ်တာ ကာလ မြန်မာပြည်ရဲ့ ဘယ်နေရာမှာမှ အခြေမချနိုင်သော်လည်း လေလုံးထွားမှုကတော့ လျော့သွားတယ်လို့ မရှိပါဘူး။ NUG အကြမ်းဖက်အဖွဲ့ လေလုံးထွားခဲ့တာတွေကို ပြန်ဆန်းစစ်ကြည့်မယ်ဆိုရင် အကြမ်းဖက်လှုပ်ရှားမှုစတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ ပြောခဲ့တာက နှစ်လ၊ သုံးလ၊ လေးငါးခြောက်လ ဆိုရင် NUG က နိုင်ပြီ။ အဲဒီအချိန် စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တဲ့အချိန် ဖြစ်ပါတယ်။ "ကျောင်းမတက်နဲ့ ကျောင်းထွက်" ဆိုပြီး လှုံ့ဆော်သလို NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားများက စာသင်ကျောင်းများကို ဖောက်ခွဲဖျက်ဆီး၊ ဆရာ/ ဆရာမများနဲ့ ပညာရေးဝန်ထမ်းများကို ပစ်မှတ်ထားပြီး လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်နေတဲ့အချိန်ဖြစ်ပါတယ်။ သူတို့ပြောသလို လေးငါးခြောက်လအတွင်းမှာ မနိုင်ခဲ့ပါဘူး။
သို့သော်လည်း NUG အကြမ်းဖက်အဖွဲ့အနေနဲ့ လေလုံးကတော့ လျော့မသွားပါဘူး။ ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄ နှစ်စဉ်ဆိုသလို ပုံစံအမျိုးမျိုးနဲ့ လှုံ့ဆော်ပြီး အကြမ်းဖက်လှုပ်ရှားမှုကို စဉ်ဆက်မပြတ် လုပ်နိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားများအနေနဲ့ KIA, KNU, MNDAA, TNLA, AA လက်နက်ကိုင်သောင်းကျန်းသူများနဲ့ ပူးပေါင်းပြီး (တပည့်ခံပြီး) စစ်မျက်နှာပေါင်းစုံကနေ တိုက်ခိုက်ခဲ့ကြပါတယ်။ NUG ရဲ့ စစ်ရေးဗျူဟာက PDF တွေ ဘယ်လောက်သေသေ တိုက်နေရင်ပြီးရော ဆိုတဲ့ ဗျူဟာမျိုးပါ။ KIA က တိုက်မယ်ဆိုရင် KIAနဲ့အတူ PDF အကြမ်းဖက်သမားများကို အသေခံစစ်သားအဖြစ် ပါဝင်တိုက်ခိုက်ပေးတယ်။ KNU, KNLA, KTLA က တိုက်မယ်ဆိုရင်လည်း PDF အကြမ်းဖက်သမားများဟာ အသေခံစစ်သားပါပဲ။ မြဝတီအနီးမှာ ဖြစ်ပေါ်ခဲ့တဲ့ KTLA, PDF ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေမှာ PDF အကြမ်းဖက်သမား ရာနဲ့ချီပြီသေဆုံးတယ်။ ကရင်လက်နက်ကိုင်တွေက တာဝန်လေးလွန်လို့ PDF မသာဆိုရင် အလောင်းမကောက်ဘူး။ ကျီးထိုးထိုး ခွေးစားစား ပစ်ထားခဲ့ကြတယ်။ သူတို့ ကရင်အကြမ်းဖက်သမား မသာကိုပဲ အလောင်းကောက်ပြီး စနစ်တကျ သဂြိုလ်ပေးတယ်။
ထိုနည်းတူစွာ KIA, TNLA, MNDAA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့်လည်း သူတို့နဲ့အတူ အသေခံစစ်သားအဖြစ် ပါဝင်တိုက်ခိုက်ပေးတဲ့ PDF အကြမ်းဖက်သမားလေးတွေကို လူလို့သဘောထားပုံမရပါဘူး။ PDF အကြမ်းဖက်သမားလေးတွေကို ဘိန်းကျွေး၊ မူးယစ်ဆေးကျွေးပြီး အရှေ့ဆုံးကနေ အသေခံပြီးတိုက်၊ သေရင်လည်း သေတဲ့နေရာမှာပဲ ထားခဲ့လိုက်။ ပြည်ပြေး ဝရမ်းပြေး NUG, CRPH အကြမ်းဖက်အဖွဲ့များရဲ့ နိုင်ငံရေးမှိုင်းမိနေတဲ့ PDF အကြမ်းဖက်သမားများမှာတော့ ခွေးသေ သေပြီး၊ ခွေးလို လမ်းဘေးပစ်ထားခံရလည်း ပျော်ပျော်ပါးပါး သေပွဲဝင်နေကြဆဲပါပဲ။
PDF အကြမ်းဖက်သမားများအနေနဲ့ စဉ်းစားဆင်ခြင်ဉာဏ်မရှိလို့ အခုလိုမိုက်လုံးထွားနေတာလားလို့ မေးရင်တော့ မဟုတ်ပါဘူး။ စဉ်းစားဆင်ခြင်ဉာဏ်က အနည်းနဲ့ အများ ရှိပါတယ်။ သို့သော် တချို့က လက်နက်ကိုင်ပြီး လူပါးဝခွင့်ရနေတာကို အရသာတွေ့သွားတာမျိုး ရှိမယ်။ တချို့က မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်ပြီး ရုန်းမထွက်နိုင်တော့ဘူး။ PDF ခေါင်းဆောင်ဆိုသူတွေရဲ့ ယုတ်မာရိုင်းစိုင်းမှုတွေကို ကြောက်ရွံ့ပြီး ရုန်းမထွက်နိုင်တာလည်း ရှိတယ်။
နှစ်သစ်ကူးအခါသမယမှ ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်ခေါင်းဆောင်များက လှုံ့ဆော်လိုက်ပြီဆိုတော့ PDF အကြမ်းဖက်သမားများအနေနဲ့ KIA, KNU အစရှိသော လက်နက်ကိုင်သောင်းကျန်းသူများနဲ့ ပူပေါင်းပြီး အသေခံ တပ်သားများအနေနဲ့ ဆက်လက်သေပွဲဝင်ကြရအုံးမယ့် အခြေအနေ ဖြစ်ပါတယ်။
NUG အကြမ်းဖက်အဖွဲ့ရဲ့ လှုံ့ဆော်မှုကို ပြည်ဖျက်မီဒီယာတွေမှာ ရေးသားဖြန့်ဝေနေတာက "တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထွေထွေထိုးစစ်ဆင်ကြီးဆင်နွှဲရန် မဟာမိတ်တော်လှန်ရေး အင် အားစုများနှင့် ညှိနှိုင်းပြင်ဆင်နေကြောင်း NUG အကြမ်းဖက်အဖွဲ့မှရည်မွန်က အသိပေး ပြောကြားထားကြောင်း၊ မတ်လ ၂၅ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည့် NUG အကြမ်းဖက်အဖွဲ့၏ တောင်ပိုင်းစစ်ဒေသ၊ PDF အကြမ်းဖက်သင်တန်း အမှတ် ၂ စစ် ဆင်ရေးနယ်မြေ (ဧရာဝတီ) ၊ အမှတ် ၂၉ ဗျူဟာ (AYA PDF) ၊ အပတ်စဉ် ၅ အခြေခံ အကြမ်းဖက်သင်တန်းဆင်းပွဲ အခမ်းအနားသို့ အရက်သမား ရည်မွန်က အွန်လိုင်းမှ မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
သဘောအားဖြင့်တော့ အကြမ်းဖက်သမားများက အကြမ်းဖက်လှုပ်ရှားမှု ပြုလုပ်ဖို့ စဉ်ဆက်မပြတ်လှုံ့ဆော်ခြင်းမျိုးပဲ ဖြစ်ပါတယ်။ NUG အနေနဲ့ စစ်ရေးအရ၊ နိုင်ငံရေးအရ အောင်မြင်မှုရနေတာမျိုး မဟုတ်ဘဲ ပြည်သူလူထုကို အတိဒုက္ခရောက်အောင် လုပ်ဆောင်တဲ့နေရာမှာ အောင်မြင်မှုရနေတာမျိုး ဖြစ်ပါတယ်။ ကောလင်းမြို့ကို သိမ်းပိုက်လိုက်တယ်လို့ NUG အလံထောင်ပြီး တစ်ပတ်ခန့်ကြာသော် ပြာပုံဘဝ ရောက်ခဲ့ရ၊ KIA, PDF အကြမ်းဖက်သမးတွေ အသေဆိုးနဲ့ သေခဲ့ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှ NUG ရုံးဖွင့်တယ်လို့ ပြည်ဖျက်မီဒီယာတွေက ဝေဝေဆာဆာ ကြွားလုံးထုတ်ရေးပြီး နာရီပိုင်းအတွင်းမှာပဲ ပြာပုံဘဝရောက်ခဲ့ရတာပဲ မဟုတ်လား။
တပ်မတော်ရဲ့ ရှင်းလင်းဆောင်ရွက်မှုပုံစံကလည်း ပြည်ဖျက်မီဒီယာတွေက ဖော်ပြတဲ့ အထောက်အထားတွေကို အခြေပြုပြီး အကြမ်းဖက်လှုပ်ရှားမှု အောင်မြင်နေတဲ့ပုံစံမျိုး ဂုဏ်ဆာလာတော့မှ အဲဒီလို သတင်းထွက်လာခြင်းကြောင့် အဲဒီလို နှိမ်နင်းခဲ့ရပါတယ်လို့ နိုင်ငံတကာကို ချပြလို့ ကောင်းတဲ့ အခြေအနေမျိုးရောက်မှ ရှင်းလင်းတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က တပ်နယ်အလိုက် အကြမ်းဖက်လှုပ်ရှားမှု ပပျောက်အောင်ဆောင်ရွက်ကြဖို့ ညွှန်ကြားပေမယ့်လည်း စစ်ကိုင်းတိုင်းထဲက အကြမ်းဖက်လှုပ်ရှားမှု စဉ်ဆက်မပြတ် ရှိနေတဲ့ မြို့နယ်တွေမှာ သက်ဆိုင်ရာ တပ်နယ်အလိုက် တာဝန်ရှိသူတွေက ဖိဖိစီးစီး ဆောင်ရွက်တယ်လို့ ကြားသိရတာမျိုး မရှိပါဘူး။ အကြမ်းဖက်နှိမ်နင်းရေးမှာ အားနည်းချက်ရှိတယ်။ ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှုကို အလေးမထားဘူး။ တာဝန်နဲ့ လုပ်ပိုင်ခွင့် ရသည့်အချိန်မှာ ရသလို လုပ်ချင်တဲ့ သဘောလေးတွေလည်း ရှိတယ်။
ဒါကြောင့် ဒီဆောင်းပါးကို ရေးရခြင်းက အကြမ်းဖက်ခေါင်းဆောင်တွေက လှုံ့ဆော်လိုက်ပြီဆိုရင် PDF အကြမ်းဖက်သမားတွေက ပြည်သူလူထု အတိဒုက္ခရောက်အောင် နည်းမျိုးစုံနဲ့ လုပ်ကြလိမ့်မယ်။ ကာကွယ်တားဆီးရန် တာဝန်ရှိသူတွေက မှန်ကန် ပြတ်သားတဲ့ ရပ်တည်ချက်မျိုး မရှိရင် အကြမ်းဖက်လုပ်ရပ်တွေကြောင့် ပြည်သူလူထုပဲ အတိဒုက္ခရောက်ရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ထောက်ထားပြီး NUG အကြမ်းဖက်အဖွဲ့ကတော့ အထွေထွေထိုးစစ်ကြီးလို့ ခေါင်းစဉ်တပ်ထားတဲ့ အကြမ်းဖက်လှုပ်ရှားမှုကို လှုံ့ဆော်ထားပါပြီ။ ပြည်သူများအနေနဲ့ သတိပြုရှောင်ရှားနိုင်ကြပါစေ၊ အားလုံး ဘေးကင်းကြပါစေ။ NUG, CRPH, PDF အကြမ်းဖက်အဖွဲ့များနဲ့ ပူးပေါင်း လက်နက်ကိုင် သောင်းကျန်းသူများရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူ သောင်းနဲ့ချီ သေဆုံးခဲ့ရပြီး ဖြစ်သည့်အတွက် အထူးသတိရှိကြစေဖို့ ရည်ရွယ်တင်ပြရခြင်း ဖြစ်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment