ဖိလစ်ပိုင်နိုင်ငံနှင့် လာအိုနိုင်ငံတို့မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အကူ ပစ္စည်းများနေပြည်တော်သို့ရောက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖိလစ်ပိုင်နိုင်ငံနှင့် လာအိုနိုင်ငံတို့မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အကူ ပစ္စည်းများနေပြည်တော်သို့ရောက်ရှိ


နေပြည်တော်၊ ဧပြီ ၁၂

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှု များကို အလျင်အမြန်စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ် ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် နိုင်ငံတကာမှလည်း လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးလျက်ရှိရာ သက်ဆိုင်ရာ နိုင်ငံများအလိုက် ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်များနှင့် သူနာပြုဆေး အဖွဲ့များ၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအကူအညီပစ္စည်းများ၊ ဆေးဝါးများသည် မြန်မာနိုင်ငံသို့ နေ့ရက်အလိုက်ရောက်ရှိလျက်ရှိကြသည်။

ဖိလစ်ပိုင်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီ ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ စုစုပေါင်းပစ္စည်းတန်ချိန် ၆၃၆၃ ကီလိုဂရမ် သည် ယနေ့နံနက် ၁၀ နာရီ ၃၉ မိနစ်တွင်လည်းကောင်း၊ ထို့နောက် လာအို နိုင်ငံမှ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအကူအညီများဖြစ်သော ပစ္စည်း ဆန်နှင့်ရေ ၄၀၈၁ ကီလိုဂရမ်သည် ယနေ့နံနက် ၁၁ နာရီ ၁၇ မိနစ်တွင် လည်းကောင်း၊ လာအိုနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပစ္စည်းများဖြစ်သည့် ဆန်နှင့်ရေ ၄၀၂၈ ကီလိုဂရမ်သည် ယနေ့နံနက် ၁၁ နာရီ ၂၁ မိနစ်တွင် လည်းကောင်း နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ အသီးသီး ရောက်ရှိကြသည်။

အဆိုပါ ဖိလစ်ပိုင်နိုင်ငံနှင့်လာအိုနိုင်ငံတို့မှ လူသားချင်စာနာထောက်ထား မှုဆိုင်ရာအထောက်အကူပစ္စည်းများကိုအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကိုယ်စား တာဝန်ရှိသူများကကြိုဆို လက်ခံရယူခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)