အင်းလေးဒေသအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းလေးဒေသအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ

 




ညောင်ရွှေ , ဧပြီ ၁၄


အင်အားပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးကန်အတွင်းရှိကျေးရွာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြည်လည်ထူထောင်နိုင်ရေးလုပ်ငန်းများကို ယမန်နေ့တွင် ဆက်လက်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။


အင်းလေးကန်အတွင်းရှိ ငလျင်ဒဏ်ပြင်းထန်စွာခံစားခဲ့သည့်ကျေးရွာများတွင် ပြိုကျပျက်စီးလျက်ရှိသည့် သာသနိကအဆောက်အဦများ၊ လူနေအိမ်များနှင့် အဆောက်အဦများအား စနစ်တကျရှင်းလင်းဖယ်ရှားနိုင်ရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လုပ်အားဓာနရှင်များက ဝိုင်းဝန်းစုပေါင်းဆောင်ရွက်လျက်ရှိကြပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန်လိုအပ်နေသူများအတွက် ကျန်းမာရေးဌာနမှ အရေးပေါ်ကုသရေးယာယီဆေးရုံများဖွင့်လှစ်ပြီး တပ်ဖက်/အရပ်ဖက် ဆေးဝါးကုသမှု ကျွမ်းကျင်ဝန်ထမ်းများဖြင့် ပြုစုစောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။


အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များကလည်း စားသောက်ဖွယ်ရာများ၊ အဝတ်အထည်နှင့်အသုံးအဆောင်ပစ္စည်းများ၊ အလှူငွေများကို လာရောက်လှူဒါန်းလျက်ရှိကြပြီး အသုံးအဆောင်ပစ္စည်းများ၊ စားနပ်ရိက္ခာများကို ဘေးသင့်ပြည်သူများသို့ စနစ်တကျဝေငှပေးခဲ့ကြောင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


စိုင်းအယ်ဘဲ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)